ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရှမ်းပြည်နယ်အရှေ့ပိုင်း ‌မိုင်းခတ်မြို့၊ မိုင်းယောင်း မြို့တို့ရှိ ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများ ကြည့်ရှုအားပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရှမ်းပြည်နယ်အရှေ့ပိုင်း ‌မိုင်းခတ်မြို့၊ မိုင်းယောင်း မြို့တို့ရှိ ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနေမှုများ ကြည့်ရှုအားပေး




MNP ၊ ဖေဖော်ဝါရီ ၁၆

ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ‌ဒေါက်တာညွန့်ဖေသည် ယနေ့ နံနက်ပိုင်းတွင် မိုင်းခတ်မြို့ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး ကျောင်းအတွင်းလှည့်လည် ကြည့်ရှုစစ်ဆေးသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးက မြို့နယ်ပညာရေးမှုး၊ ကျောင်းအုပ်ကြီးနှင့် ဆရာ ဆရာမများကို ကျောင်းသားကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရေး အတွက် လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ပေးကြရမည် ဖြစ်ပါကြောင်း၊ ဆရာဆရာမများ အနေဖြင့် နိုင်ငံအတွက် ပညာတတ်များ မွေးထုတ်ပေးနိုင်ရေးအတွက် ဝိုင်းဝန်းလက်တွဲ ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း မှာကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းအတွင်း အန္တရာယ်ရှိ ကျောင်း ဆောင်ဖျက်သိမ်း၍ ပေ ၁၄၀ x ၃၀ ရှိ သုံးထပ်စာသင်ဆောင် သစ်တည်ဆောက်နိုင်ရေး၊ အန္တရာယ်ဆောင် ဖျက်သိမ်းစဉ်အတွင်း ကျောင်းသားကျောင်းသူများ ပညာသင်ကြားမှု မထိခိုက်စေရေး စီစဉ်ဆောင်ရွက်ပေးရန်၊ ရေရရှိရေးအတွက် အဝီစိတွင်း၊ ရေစင်များ ဖြည့်ဆည်း ပေးရေးနှင့် ဆရာဆရာမ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး တို့အတွက် လိုအပ်သည်များ စီမံ ဆောင်ရွက်ပေးသည်။


မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မိုင်းယောင်းမြို့ အခြေခံပညာ အထက် တန်းကျောင်းသို့ရောက်ရှိကာ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာ သင်ကြား နေမှုများကိုကြည့်ရှု၍ ငယ်စဉ်ကတည်းက ပညာကိုကြိုးစားသင်ကြားကြရန်၊ အခက်အခဲများ ကြုံတွေ့ပါကလည်း စိတ်ဓာတ်မကျဘဲ ပညာတတ် လူတော် လူကောင်းများ ဖြစ်အောင် ကြိုးစားကြရန် အားပေးစကားပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ကျောင်းဝန်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေး၍ ကျောင်းအတွက် လိုအပ်သော ကျောင်းဆောင်အဝင် ကွန်ကရစ်လမ်း၊ ဘတ်စကက်ဘောကွင်း၊ ဝန်ထမ်းအိမ်ရာ၊ ကျောင်းသားကျောင်းသူများဆိုင်ကယ် ထားရန် အမိုးပါအဆောက် အအုံ၊ RCC သုံးထပ်စာသင်ဆောင်နှင့် ရေစက်စသည့် လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)