ဝိုင်းမော်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလမ်းလုပ်ငန်းများအား သယံဇတဝန်ကြီးမှ ကွင်းဆင်း စစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဝိုင်းမော်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလမ်းလုပ်ငန်းများအား သယံဇတဝန်ကြီးမှ ကွင်းဆင်း စစ်ဆေး


MNP ၊ ဖေဖော်ဝါရီ ၄

ကချင်ပြည်နယ် အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်နှင့် တာဝန်ရှိသူများသည် ဖေဖော်ဝါရီ ၂ ရက် နံနက်ပိုင်းမှ ဝိုင်းမော် မြို့နယ်အတွင်း ပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေနှင့် ကချင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့၏ ခွင့်ပြုရန်ပုံငွေတို့ဖြင့် အကောင် အထည် ဖော်ဆောင်ရွက် လျက်ရှိသည့် ဒေသတွင်းဖွံ့ဖြိုးရေးလမ်းများနှင့် တံတားတည်ဆောက်ရေး လုပ်ငန်းများအား ကွင်းဆင်း စစ်ဆေးခဲ့သည်။


ရှေးဦးစွာ ဝန်ကြီး ဦးတိန့်ဆောင်နှင့် တာဝန်ရှိသူများသည် ဝိုင်းမော်မြို့ နောင်တာလောကျေးရွာ တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေ (၁၉၃) သန်း အကုန်အကျခံ ဆောင်ရွက်လျက်ရှိသည့်  အရှည် (၅၄၀၀) ပေ၊ အကျယ် (၁၄)ပေနှင့် အမြင့် (၉)လက်မရှိ သဲကျောက်လမ်းမှ ကတ္တရာလမ်းသို့ အဆင့်မြှင့်တင် ခင်းကျင်းနေမှုအား စစ်ဆေးရာ တာဝန်ရှိသူ များက လိုက်လံရှင်းလင်းတင်ပြပြီး ဆက်လက်၍ ဝန်ကြီးနှင့် တာဝန်ရှိသူများက ဝိုင်းမော်မြို့ ရပ်ကွက်(၄)ရှိ ဝိုင်းမော်-ဗန်းမော် လမ်းအပိုင်း တွင် ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၃၄၉)သန်းကျော်ဖြင့်  တည်ဆောက်လျက် ရှိသော အရှည် (၁၂၀)ပေ၊ အကျယ် (၁၃)အမြင့် (၁၈)ပေရှိ ဘေလီတံတားအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ရာ တာဝန်ရှိသူများက တံတားတည်ဆောက်ရေးလုပ်ငန်းခွင့်နှင့် ပတ်သက်၍ ရှင်းလင်းတင် ပြသည်။


ထို့နောက် ဝန်ကြီးနှင့်အဖွဲ့သည် ဝိုင်းမော်မြို့ရပ်ကွက်(၃)ရှိ ကချင်ပြည်နယ်စည်ပင်သာယာရေး အဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေ (၅၃)သန်းကျော်ဖြင့် အရှည် (၂၀၀၀)ပေ၊ အကျယ်(၁၄)ပေနှင့် အမြင့် (၉)လက်မထုရှိ သဲကျောက်လမ်းမှ အဆင့်မြှင့် ကတ္တရာလမ်းသို့ ခင်းကျင်း လျက်ရှိသည့် ကျေးရွာ ကုန်ထုတ်လမ်း၊ ဝိုင်းမော်မြို့နယ် ခတ်ချိုကျေးရွာတွင် ခွင့်ပြုရန်ပုံငွေ (၂၄)သန်း ကျော်ဖြင့် အရှည် (၉၀၀)ပေ၊ အကျယ် (၁၄)ပေနှင့် အမြင့် (၉)လက်မရှိ မြေသားလမ်းမှ သဲကျောက်လမ်း ခင်းကျင်း ပြီးစီးမှုနှင့် မုတ်လွဲကျေးရွာနယ်မြေ (၂)အတွင်း ခွင့်ပြုရန်ပုံငွေ (၁၅) သန်းကျော်ဖြင့် အရှည် (၅၅၀) ပေ၊ အကျယ် (၁၄) ပေနှင့် အမြင့် (၉) လက်မရှိ သဲကျောက်လမ်းမှ ကတ္တရာလမ်းသို့ အဆင့်မြှင့်တင် ခင်းကျင်း ပြီးစီးမှုအား လိုက်လံ စစ်ဆေးခဲ့ကြသည်။


ထိုသို့ ဝန်ကြီးနှင့်အတူ မြို့တွင်းဖွံ့ဖြိုးရေးလမ်းတံတားများအား ကွင်းဆင်းစစ်ဆေးရာတွင် ကချင်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့မှ ညွှန်ကြားရေးမှူးဦးကျော်လင်း၊ဝိုင်းမော်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဂျွန်စယ်၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဥက္ကဌ ဦးစန်းနိုင်၊ အင်ဂျင်နီယာမှူး ဦးခင်‌မောင်မြင့်နှင့် တာဝန်ရှိသူများ လိုက်ပါခဲ့ကာ သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းခွင်မှ တင်ဒါအောင်မြင်သည့် ကုမ္ပဏီများက လုပ်ငန်းအလိုက် ရှင်းလင်း တင်ပြခဲ့ရာ ဝန်ကြီးမှ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ စံချိန်စံညွှန်း ပြည့်မီစေရေးနှင့် သတ်မှတ် ကာလအတွင်း လုပ်ငန်းများ ပြီးပြတ်စေရေးတို့ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိသည်။


https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)