MNP - ဖေဖော်ဝါရီ ၂၄
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်၌ မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် ဆန်၊ဆီ၊ကြက်ဥနှင့် အခြေခံစားသောက်ကုန်များကို ယနေ့နံနက်ပိုင်းတွင် ရွှေပြည်သာမြို့နယ် အမှတ်(၁၇)ရပ်ကွက်၌ လာရောက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ရောင်ချပေးရာတွင် ဆန်ချော (၁)ပြည် ၁၇၀၀ကျပ်၊ ဆန်ကြမ်း (၁)ပြည် ၁၀၀၀ ကျပ်၊ ဆီ (၅၀)ကျပ်သားတဗူးလျှင်၂၈၅၀ကျပ်၊ ကြက်ဥ ၁၀လုံးကတ်(၁)လျှင် ၁၂၀၀ကျပ်တို့ဖြင့် ရပ်ကွက်နေ ပြည်သူများအား ဈေးနှုန်းချိုသာစွာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
ဈေးရောင်းချရာတွင် အဆင်ပြေချောမွေ့စေရန် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ စည်ပင်သာယာရေး ဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက် ပေးလျက် ရှိကြောင်း သိရသည်။
သတင်း - နေမျိုးထွန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment