ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနဝက်ဘ်ဆိုက် ဆိုက်ဘာတိုက်ခိုက်မှုခံရ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာနဝက်ဘ်ဆိုက် ဆိုက်ဘာတိုက်ခိုက်မှုခံရ




MNP ၊ ဖေဖော်ဝါရီ ၁၇

 ပြီးခဲ့တဲ့ အဂါင်္နေ့ညနေပိုင်းက ယူကရိန်း ကာကွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်နဲ့ အစိုးရပိုင် ဘဏ် ၂ခုကို ဆိုက်ဘာတိုက်ခိုက်မှု အလုပ်ခံလိုက်ရတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ဆိုရှယ်မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။

ယူကရိန်း သတင်းအချက်အလက်နဲ့ ပြည်သူ့ဆက်ဆံရေး မဟာဗျူဟာ စင်တာရဲ့ ထုတ်ပြန်ချက်အရ အင်္ဂါနေ့ မွန်းလွှဲပိုင်းလောက်မှာ ကာကွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက် စတင်ပြီး တိုက်ခိုက်ခံလိုက်ရပါတယ်။

အဲ့ဒိနောက်မှာ အစိုးရဌာနတွေကို သတင်းပေးနေစဉ်မှာပဲ ပရီဗတ် ဘဏ်နဲ့ အော့စ်ချက် ဘဏ်တို့ရဲ့ ကွန်ပြူတာတွေဆီကို ဆိုက်ဘာတိုက်ခိုက်မှု အချက်ပေးလာလို့ အချိန်မီ ပိတ်ချခဲ့ပါတယ်။

ဘဏ်တွေရဲ့ အပ်ငွေ သွင်းငွေစာရင်းတွေ မထိခိုက်လိုက်ပေမဲ့ အချို့ အချက်အလက်တွေ အဖောက်ခံလိုက် ရပါတယ်။ ဆိုက်ဘာတိုက်ခိုက်မှု ခံရပြီးပြီးချင် ဆယ်ယူမှုတွေကို ဆက်တိုက် လုပ်ခဲ့ပေမဲ့ ကာကွယ်ရေးဝန်ကြီးဌာန ဝက်ဘ်ဆိုက်ကို အနည်းငယ်ပဲ ပြန်ဆယ်ယူနိုင်ခဲ့ပါတယ်။

 ယူကရိန်း - ရုရှား စစ်ရေးတင်းမာမှု ဖြစ်နေတဲ့ အချိန်မှာ အခုလို ယူကရိန်း အစိုးရဌာနတွေ ဆိုက်ဘာ တိုက်ခိုက်မှု ခံရတာက ရုရှားဟတ်ကာတွေရဲ့ လက်ချက်လို့ သံသယဝင်ကြပေမဲ့ ယူကရိန်းအစိုးရပိုင်းကတော့ တိုက်ခိုက်မှုက ကျယ်ကျယ်ပြန့်ပြန့် မဟုတ်တဲ့ အတွက် ဘယ်သူ့လက်ချက်ဆိုတာ ခန့်မှန်းရခက်တယ်လို့ ဆိုထားပါတယ်။

ယူကရိန်း အစိုးရဌာန တော်တော်များများ ကို ရုရှား ဟတ်ကာတွေ မကြာခဏတိုက်ခိုက်ခဲ့တယ်လို့ ပြီးခဲ့တဲ့လ က ယူကရိန်း အစိုးရပိုင်း က စွတ်စွဲဖူးတာတော့ ရှိပါတယ်။ ဒီတစ်ခေါက် ဆိုက်ဘာတိုက်ခိုက်မှုကတော့ ကြောက်ရစေမယ် ၊ အဆိုးဆုံးကို မျှော်လင့်ထားပါ ဆိုပြီး စာတန်းနဲ့ ယူကရိန်းသားတွေကို သတိပေးထား တာဖြစ်ပါတယ်။

နေတိုးကတော့ ယူကရိန်း ဆိုင်ဘာလုံခြုံရေးကို ပူပေါင်း ဆောင်ရွက်မှုတွေပြုနေတယ်လို့ ဆိုထားပါတယ်။  ရုရှားထောက်လှမ်ရေးဌာနနဲ့ ဘီလာရုစ် ထောက်လှမ်းရေးဌာနတို့ရဲ့ လက်ချက်ဖြစ်နိုင်တယ်လို့ နေတိုး ဆိုင်ဘာလုံခြုံရေး အသင်းက ဆိုထားပါတယ်။


မောင်ယဿ

REF: euronews Photo : euronews

မြန်မာနေရှင်နယ်ပို့စ်


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)