လွိုင်ကော်မြို့၌ နိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၅၀)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တတိယအကြိမ် ထိုးနှံပေးလျက်ရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လွိုင်ကော်မြို့၌ နိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၅၀)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တတိယအကြိမ် ထိုးနှံပေးလျက်ရှိ

 



MNP - ဖေဖော်ဝါရီ     ၂၁

ကယားပြည်နယ်၊ လွိုင်ကော်မြို့၌ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးစီးသော နိုင်ငံ့ဝန်ထမ်းများနှင့် အသက် (၅၀)နှစ်နှင့်အထက် ပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေး (Booster Dose)ထိုးနှံပေးခြင်းကို  ဖေဖော်ဝါရီ ၁၄ ရက်နေ့မှစတင်၍ လွိုင်ကော်မြို့၊ သာသနာ့ဗိမာန်တော်ကြီး ဆေးထိုးစုရပ်၌ တတိယအကြိမ် စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကယားပြည်နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ၏ လမ်းညွှန်မှုဖြင့် ပြည်နယ်ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးဆောင်ကြီးကြပ်၍ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် လူမှုရေးအသင်း အဖွဲ့များက ကာကွယ်ဆေးထိုးနှံရန် ရောက်ရှိလာသော နိုင်ငံ့ဝန်ထမ်းများ၊ အသက်(၅၀)နှစ်နှင့် အထက် ပြည်သူများအားစာရင်း မှတ်တမ်းများကောက်ယူခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းနှင့် ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပြီး ပုံမှန်အခြေအနေရှိမှသာ ကာကွယ်ဆေးကိုထိုးနှံပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ် (၃၀)ခန့် အနားယူစေပြီးမှ ပြန်လည်သွားခွင့်ပြုခြင်းနှင့် ထပ်ဆောင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Booster Dose)ထိုးနှံရာတွင် ဌာနဆိုင်ရာဝန်ထမ်းများနှင့် အသက်(၅၀)နှစ်နှင့်အထက် ပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ စည်းကမ်းချက်များအညီ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)