ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

MNP - ဖေေဖော်ဝါရီ     ၁၈  

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်း အဝေးခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ခရိုင်ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး အမှတ်စဉ် ၁ / ၂၀၂၂ ကို ကျင်းပ ခဲ့ကြောင်း သိရသည်။

အစည်းအဝေးသို့ အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊စစ်ဦးစီးမှူး (ပထမတန်း) (ဦး/ရေး/ထောက်) ဒုတိယဗိုလ်မှူးကြီးလွင်ဘုန်းအောင်၊ ကျောက်မဲခရိုင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေး ကော်မတီဝင်များ၊   ကျောက်မဲ၊ သီပေါ ၊နောင်ချို မြို့နယ်များမှ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ များနှင့်အဖွဲ့ဝင်များ ၊ ပရဟိတအဖွဲ့များ တက်ရောက်ခဲ့ကြောင်းသိရသည်။

အစည်းအဝေးတွင် ကျောက်မဲခရိုင် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဦးက ယခုအခါတွင်မြန်မာနိုင်ငံ၌ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန်ရောဂါ  ဖြစ်ပွားသူ တွေ့ရှိ‌နေရပြီဖြစ်ကြောင်း၊ ကျောက်မဲခရိုင်အတွင်း အဆိုပါ ရောဂါကူးစက်ဖြစ်ပွားမှု မရှိစေရေးနှင့် ဖြစ်ပွားလာပါက ထိခိုက် ဆုံးရှုံးမှု အနည်းဆုံးဖြစ်စေရန် ကိုဗစ်-၁၉ ရောဂါ ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်း ကာလများတွင်  တွေ့ကြုံခဲ့သည့်  အတွေ့အကြုံများကို အခြေခံ၍  ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းဆောင်ရွက်ရန်အတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်‌မှုများ လုပ်ဆောင်ရမည် ဖြစ်ပါကြောင်း ဦးစွာရှင်းလင်းဆွေးနွေးခဲ့သည်။

ယင်းနောက် အစည်းအဝေးသို့ တက်ရောက်လာသည့်   တာဝန်ရှိသူများက မြို့နယ်အလိုက် Quarantine Center  နှင့် ကိုဗစ်-၁၉ လူနာကုသဆောင် ပြင်ဆင်ထားရှိမှုများ၊ အောက်စီဂျင်ရရှိရေး၊  အသိပညာပေးရေး အစရှိသည့် ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ‌ကာကွယ် ကုသ၊ ထိန်းချုပ်ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို အသီးသီး ဆွေးနွေးခဲ့ကြသည်။

ထို့နောက် ကျောက်မဲခရိုင်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက  လိုအပ်သည်များကို ဖြည့်စွက် လမ်းညွှန် ဆွေးနွေးပေးခဲ့ပြီး အစည်းအဝေးကို မွန်းလွဲ ၁ နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

သတင်း - မိုင်းထွန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)