ရွှေဘိုမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရွှေဘိုမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများ ကျင်းပ


MNP - ဖေဖော်ဝါရီ    ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၊ ဘောလုံးကွင်းအတွင်း ဖေဖော်ဝါရီ ၄ ရက်၊နံနက် ၉ နာရီအချိန်က(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အထိမ်းအမှတ် ဆန်ကောရွက်ပြိုင်ပွဲ(မ)၊  အာလူးကောက်ပြိုင်ပွဲ(မ)၊ ပီနံအိတ် စွတ်အပြေးပြိုင်ပွဲ(ကျား၊မ) မီတာ ၁၀၀ (ကျား၊မ)နှင့်မီတာ ၂၀၀ ကျားမပြိုင်ပွဲများကျင်းပရာ ကျောင်းအုပ်ဆရာကြီး၊ဆရာ/ဆရာမများနှင့် ကျောင်းသား၊ကျောင်သူများက ကြည့်ရှုအားပေး ခဲ့ကြောင်း သိရသည်။

ထို့နောက် အားကစားပြိုင်ပွဲများကျင်းပရခြင်းအကြောင်းကို ကျောင်းအုပ်ဆရာကြီး ဦးကျော်ကျော်ဦးက ကျောင်းသား၊ကျောင်းသူများ ဉာဏ သာမက ကာယပါ ပြည့်စုံစေရန် ၊ပြည်ထောင်စုနေ့ကို အမြဲသတိတရရှိစေရန် အချင်းချင်းပူးပေါင်းဆောင်ရွက်တတ်စေရန် စသည့် ရည်ရွယ်ချက်များဖြင့် ကျင်းပပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။  ဆက်လက်ပြီး ပြိုင်ပွဲများတွင် ဆုရရှိသူများကို ဆုများပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

သတင်း - စိုးသီဟ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)