စလင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ကိုင်ရန် ပြည်သူများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စလင်းမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ကိုင်ရန် ပြည်သူများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံ

 








MNP - ဖေဖော်ဝါရီ    ၁၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့ ဈေးမရပ်ကွက်၊ မြတ်ရတနာဓမ္မာရုံတွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများလုပ်ကိုင်ရန် ပြည်သူများ နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီး တင့်ကျော်နှင့် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါတွေ့ဆုံပွဲတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ပြည်သူများအနေဖြင့် မိမိတို့ ရပ်ရွာ တည်ငြိမ်အေးချမ်းသာယာရေးနှင့် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြည်သူလူထု အနေဖြင့် ပူးပေါင်း၍ အဖျက်အမှောက်ကိစ္စများတွေ့လျှင် မိမိတို့အားအချိန်မှီတင်ပြကာ ပူးပေါင်းဆောင်ရွက်မှသာ အောင်မြင်မှာဖြစ်ကြောင်းရှင်းလင်း ပြောကြားခဲ့ပြီးနောက် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးတင့်ကျော်မှ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများအယူအဆနှင့် အမြင်မှားများ မလွဲမှားစေလိုကြောင်းနှင့် ထပ်ဆင့်၍ ပြည်သူများ အနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မှသာလျင် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်မှာဖြစ်ကြောင်း နိုင်ငံရေးအဖျက်အမှောက် လုပ်ရပ်များ၊ ရပ်ရွာတည်ငြိမ် အေးချမ်းရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက် ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။

ထို့နောက် တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် ရပ်မိရပ်ဖများက မိမိတို့၏ရပ်ရွာ ဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေရရှိရေး၊ ဈေးအဆင့်မီပြုပြင်လုပ်ဆောင်နိုင်ရေး၊ ကျန်းမာရေးအနေဖြင့် ကုတင်(၅၀)ဆယ်မှ (၁၀၀)ဆံအဖြစ်သို့ ပြောင်းလဲနိုင်ရေး၊ ကျေးရွာချင်း ဆက်သွယ်သည့် တံတားချဉ်းကပ်လမ်း လုပ်ဆောင်နိုင်ရေးနှင့် လူမှုဘဝပြည့်စုံဖို့ ကျေးလက်ဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍ တက်ရောက် လာသူ မြို့မိမြို့ဖ ဒေသခံ ပြည်သူများက ပွင့်လင်းမြင်သာစွာမေးမြန်းကြရာ သက်ဆိုင်ရာဌာနအသီးသီးက ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ကြ သည်။ မိမိတို့ရပ်ရွာများတွင် အဖျက်အမှောက်နှင့် နိုင်ငံရေးပြုလုပ်နေ သည့်မိသားစုဝင်များရှိပါက နိုင်ငံတော်အနေဖြင့် သက်ညှာစွာစဉ်းစား ကာ လျော့ပေါ့ပေးမည် ဖြစ်၍ တောတွင်းရောက်နေသူများ မသိနားမလည်၍ အကြောင်းအမျိုးမျိုးကြောင့် တောတွင်း ရောက်ရှိနေသူများကို ပြည်သူများအနေဖြင့် တစ်ယောက်စကားတစ်ယောက် နားဖြင့် လက်ဆင့်ကမ်း၍ ဝမ်းသာအားရ ကြိုဆိုကြမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းနောက်တွေ့ဆုံပွဲတက်ရောက်လာသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူလူထု အပေါင်းအား မိမိတို့နယ်မြေရပ်ကွက်အလိုက် ဒေသ ဖွံ့ဖြိုးရေးနှင့်နယ်မြေအေးချမ်း တည်ငြိမ် မှုများအတွက် ဆောင်ရွက်နေမှုများကို ဝိုင်းဝန်းဆွေးနွေးတင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်း ဝင်းမှလိုအပ်သည်များကို ရှင်းလင်းဆွေးနွေး မှာကြားခဲ့သည်။

သတင်း - မောင်လွင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)