(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန ဟင်္သာတခရိုင်ရုံး အဆောက်အဦးအသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန ဟင်္သာတခရိုင်ရုံး အဆောက်အဦးအသစ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

 




MNP - ဖေဖော်ဝါရီ    ၅

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ဟင်္သာတမြို့ ကနောင်စုရပ်ကွက် တိုက်ကျောင်းလမ်းရှိ ဟင်္သာတခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ရုံးအဆောက်အဦသစ် ဖွင့်ပွဲသို့ တက်ရောက်ခဲ့သည်။

အဆိုပါဖွင့်ပွဲ အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်စိန်မမနှင့် ဟင်္သာတခရိုင် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန လ/ထညွှန်ကြားရေးမှူး ဦးရန်နိုင်ထွန်း တို့မှ အဆောက်အဦးအသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် တိုင်း/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုစုပေါင်းဖြင့် တွေ့ဆုံပွဲပြုလုပ်ခဲ့ရာ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဦးစီးဌာနညွှန်ကြားရေးမှူး ဒေါ်စိန်မမမှ ၂၀၂၀-၂၀၂၁ ခုနှစ် တိုင်းဒေသကြီး အစိုးအဖွဲ့ ခွင့်ပြုရန်ပုံငွေ (၂၆၂.၄၅)သန်း ဖြင့် စည်သာရွှေသွေး ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာ ဦးအောင်ခိုင်မင်းမှ ဦးဆောင်၍ ၁၀.၄.၂၀၂၁ မှစတင်၍ တာဝန်ယူဆောက် လုပ်ပြီးစီးခဲ့သော အလျား(၉၀)ပေ၊ အနံ(၄၈)ပေ၊အမြင့်(၂၅)ပေခန့်ရှိ RC (၂)ထပ် ခရိုင်ရုံးအသစ်ဆောက်လုပ်ခဲ့မှု အခြေအနေများအား ရှင်းလင်းတင်ပြခြင်းနှင့် တက်ရောက် လာကြသူများအားလုံးကို ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်း - ကိုဇော်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)