နတ်တလင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကော်မတီများ လုပ်ငန်းညှိနှိုင်းဆွေးနွေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်တလင်းမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကော်မတီများ လုပ်ငန်းညှိနှိုင်းဆွေးနွေး



MNP - ဖေဖော်ဝါရီ    ၁၉

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးကော်မတီများ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ယမန်နေ့ နေ့လည်၁နာရီက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ ဥက္ကဋ္ဌ ဦးကျော်‌ကျော်ဦးက ရပ်ကွက် /ကျေးရွာများ၌ ကိုဗစ်ကာကွယ်ရေး အသိပညာပေးဆော်ဩခြင်း လုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်စေရေး ပြည်သူများအား ကိုဗစ်-၁၉ စည်းကမ်းချက်နှင့်အညီ နေထိုင်စေရေး၊ Mask Campaign များ ပြုလုပ်စေရေး၊ မြို့အဝင် အထွက်စစ်ဆေးရေးဂိတ်များတွင် ခရီးသွားပြည်သူ များအား ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ အထူးကြပ်မတ် စစ်ဆေးသွားမည်ဖြစ်ကြောင်းနှင့် ကာကွယ်ဆေး ထိုးနှံရန် နှိုးဆော်ပေးရေးနှင့် ဆေးထိုးလုပ်ငန်းများတွင် သက်ဆိုင်ရာဌာနဆိုင်ရာများက ပေါင်းစပ်ပါဝင် ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း ဆွေးနွေးပြောကြား ခဲ့ကြသည်။

ညှိနှိုင်းဆွေးနွေးပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ကိုဗစ်-၁၉‌ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ရပ်ကွက်/ ကျေးအုပ်ချုပ်ရေးမှူးများ တက်ရောက်ကာ Quarantine Centre ပြန်လည်ထားရှိရေး၊ မိမိကိုယ်မိမိ ကိုဗစ်-၁၉ရောဂါ မဝင် ရောက်နိုင်စေရန် ထိန်းသိမ်းနေထိုင် စေရေး၊ ဈေးများ၊ စားသောက်ဆိုင်များ ကိုဗစ်စည်းကမ်း ချက်နှင့်အညီ ဖွင့်လှစ်ရောင်းချပေးရေးတို့ကို ပေါင်းစပ်ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်း - ဝေယံဖြိုး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)