MNP - ဖေဖော်ဝါရီ ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့က နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ တစ်နှစ်ပြည့် အထိမ်းအမှတ် မြောင်းဘောင်ဘုန်းတော်ကြီးကျောင်းသို့ ဖေဖော်ဝါရီလ ၁ ရက် နံနက် ၁၁ နာရီက ဆန်၊ ဆီ၊ ဆားနှင့် အခြားလှူဖွယ်ပစ္စည်းများကို သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာန ဆိုင်ရာများက ဆန် (၂) အိတ်၊ ဆီ (၃) ပိဿာ၊ ပဲ (၁) ပိဿာ၊ ဆား (၁) ပိဿာနှင့် အခြားလှူဖွယ်ပစ္စည်းများကို လှူဒါန်းခဲ့ပြီး ဘုရားကျောင်းဝန်းတို့တွင် သန့်ရှင်းရေးများ ဆောင်ရွက်ခဲ့ သည်။ ထို့နောက် အဆိုပါအဖွဲ့သည် မြို့မဈေးအတွင်း၊ အပြင်တို့တွင် ဈေးရောင်းသူ များ၊ ဈေးဝယ်သူများကို ပါးစပ်၊ နှာခေါင်းစည်း (၃၀၀)၊ Face Shield (၁၀၀) တို့ကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သတင်း - စိုးဝေအောင်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment