ရေးမြို့နယ် တူးမြောင်းကျေးရွာ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းနှစ်ပတ်လည်အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရေးမြို့နယ် တူးမြောင်းကျေးရွာ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းနှစ်ပတ်လည်အခမ်းအနားကျင်းပ





MNP - ဖေဖော်ဝါရီ    ၁၉

မွန်ပြည်နယ် မော်လမြိုင်ခရိုင်၊ ရေးမြို့နယ်တွင် သာသနာပြုဆရာတော်ဘဒ္ဓန္တပုဖ္မရမ္မ(ကိုရင်လေးဆရာတော်)ဦးဆောင်သော အခမဲ့ကျန်းမားရေးစောင့်ရှောက်မှု  ဆေးခန်းနှစ်ပတ်လည် အခမ်းအနားကို တူးမြောင်းကျေးရွာအုပ်စု ပုဖ္ပဝတီကျေးရွာ ကျိုက်ဒေ့တမော့ဗရတ်သာသနာပြုနယ်မြေ အခမဲ့ကျန်းမာရေးစောင့်ရှောက် မှုဆေးခန်းရှေ့၌  ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

ပထမဦးစွာ ဘဒ္ဓန္တပုဖ္မရမ္မ(ကိုရင်လေးဆရာတော်)က အဖွင့်သြဝါဒမြွက်ကြားခြင်း၊ မွန်ပြည်သစ်ပါတီအထွေထွေအတွင်းရေးမှူးနိုင်ဇေယျက ပြည်သူများအတွက် ယခုလို ဆရာတော်ဦးဆောင်သည့်  အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်း ရေရှည်တည်တံ့စေရန်အတွက် မိမိအပါအဝင် ဒေသခံပြည်သူများမှ ဝိုင်းဝန်းပံ့ပိုးဆောင်ရွက်ပေးကြရန် အဖွင့်အမှာစကား ထပ်လောင်းပြောကြားခဲ့သည်။

ထို့နောက်အခမဲ့ ကျန်းမာရေးစောင့်ရှောက်မှုဆေးခန်းသို့ အလှူငွေများပေးအပ်ရာ မွန်ပြည်သစ်ပါတီအထွေထွေအတွင်းရေးမှူး   နိုင်ဇေယျာက ငွေကျပ်(၁၀) သိန်းနှင့် စေတနာရှင်အလှူရှင်များကလည်း အလှူငွေများ ပေးအပ်လှူဒါန်းခဲ့ကြသည်။ အဆိုပါအခမ်းအနားသို့ မွန်ပြည်သစ်ပါတီအထွေထွေအတွင်းရေးမှူး နှင့်ဗဟိုကော်မတီဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာများ၊ မြို့နယ်အတွင်းရှိ ပရဟိတအသင်များနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်ခဲ့ကြသည်။

ဆရာတော်ဦးဆောင်သော   အခမဲ့ကျန်းမာရေ စောင့်ရှောက်မှုဆေးခန်းမှ တစ်နှစ်အတွင်းပြင်ပလူနာ  (၁၀၃၆၆)ဦး၊ အတွင်းလူနာ(၅၇၂)ဦး အခြားဆေးရုံသို့လွှဲပြောင်း(၃၆၈)ဦး၊ ကလေးမွေးဖွားပေးနိုင်မှု (၁၃၀)ဦးနယ်လှည့်ဆေးကုသမှု (၁၅)ရွာ၊ အောက်ဆီဂျင်အိုး ၄၀ လီတာ (၄၃၂)အိုး၊ (၁၀/၁၅)လီတာ   (၁၂၁)အိုးဖြန့်ဝေပေးနိုင်ခြင်းနှင့် အခြားဆောင်ရွက်မှု(၅၂၄)ကြိမ်တို့ကိုဒေသတွင်းဆရာဝန်များ၊ ဆေးဘက်ဆိုင်ရာကျောင်းသား၊ ကျောင်းသူများ၊ မွန်အမျိုးသားကျန်းမာရေးဌာန၊ သားဖွားဆရာ၊ ဆရာမ များ၊ ပရဟိတအသင်းများနှင့် လုပ်အားဒါနပြုသူများတို့၏ အားဖြင့်  စုပေါင်းဆောင်ရွက်ပေးနိုင်ခဲ့ကြောင်းသိရသည်။

သတင်း - ခင်သိမ့်သိမ့်ရည်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)