ဖားဆောင်းမြို့နယ် ဝမ်အောင်းကယားကျေးရွာ ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဖားဆောင်းမြို့နယ် ဝမ်အောင်းကယားကျေးရွာ ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းစစ်ဆေး


MNP - ဖေဖော်ဝါရီ     ၂၄

 ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ် ဝမ်အောင်း(ကယား) ကျေးရွာ ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ပညာရေးအဖွဲ့တို့က ယနေ့နံနက် (၈) နာရီ အချိန်က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

 ထိုသို့ကွင်းဆင်းရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသက်မြင့်ဦးနှင့် အဖွဲ့ဝင်များ ၊မြို့နယ်ပညာရေးမှူး ဦးကြည်လင်းနှင့် အဖွဲ့ဝင်များသည် ဝမ်အောင်းကယားကျေးရွာအတွင်း အခြေခံ ပညာအလယ်တန်းကျောင်းမှ ဆရာ၊ ဆရာမများ၊ ကျောင်းသား မိဘများနှင့်တွေ့ဆုံ၍ ကျောင်းသား၊ ကျောင်းသူများ စာသင်ကြားမှု အခြေအနေနှင့် ဆရာ၊ဆရာမများ၏ အခက် အခဲများ၊ကျောင်းသားမိဘတို့၏ အခက်အခဲများနှင့် စာသင်ကြားမှု အခြေအနေများကိုမေးမြန်းခြင်း လိုအပ်ချက်များ ညိုနှိုင်းဆောင်ရွက်ပေးခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက နယ်စပ်သေနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး၏ ကြီးကြပ်မှုဖြင့် ၂၀၂၁-၂၀၂၂ ပထမ(၆)လပတ် ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေ (၉၈.၉၁၀) ကျပ်သန်းဖြင့် ရွှေရည်ဝင်းလျှံကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေသည့် ဝမ်အောင်းကယားကျေးရွာ (၃/ဝ)မိုင်လမ်းပေါ်ရှိ(၄၅ပေ×၁၂ပေ)ကွန်ကရစ်တံတား တစ်စင်းတည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေးပြီး အချိန်မီပြီးစီးရေးနှင့် လုပ်ငန်း အရည်အသွေးကောင်းမွန်စေရေး တာဝန်ယူဆောင်ရွက်နေသည့် ရွှေရည်ဝင်းလျှံကုမ္ပဏီမှ တာဝန်ရှိသူအား လမ်းညွှန်မှာကြား စစ်ဆေး ကြည့်ရှုခဲ့ကြောင်းသိရသည်။

သတင်း - နန်းသဲနုအောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)