ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် ဗုဒ္ဓဘိသေကအနေကဇာတင်လှူပူဇော်ပွဲ ကျင်းပမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် ဗုဒ္ဓဘိသေကအနေကဇာတင်လှူပူဇော်ပွဲ ကျင်းပမည်


MNP - ဖေဖော်ဝါရီ    ၄

စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော် (၂၂)ကြိမ်မြောက် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်ကို ကျန်းမာရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ အကျဉ်းကျုံး၍ တပို့တွဲလပြည့်နေ့ (ဖေဖော်ဝါရီ ၁၅ ရက်)တွင် ဗုဒ္ဓဘိသေကအနေကဇာတင်လှူပူဇော်ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း စေတီတော်ဂေါပက အဖွဲ့ထံမှသိရသည်။

ယခင်နှစ်များက မဟာရွှေစည်ကြီးစေတီတော် ဗုဒ္ဓပူဇနိယဘုရားပွဲတော်ကို တပို့တွဲလဆန်း ၁၀ ရက် မှလပြည့်နေ့အထိ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ခြင်းဖြစ်သည်။ထိုသို့ ဘုရားပွဲတော် ကျင်းပစဉ်တွင် စေတီတော်မြတ်ကြီးနှင့် ပရဝုဏ်အတွင်းရှိ သာသနိက အဆောက်အအုံများအား လျှပ်စစ်မီးများ ထွန်းညှိပူဇော်ခြင်း၊ အသံမစဲမဟာပဌာန်းရွတ်ဖတ် ပူဇော်ခြင်း၊ ဓမ္မာစကြာနှင့် ပရိတ်ကြီးရွတ်ဖတ်ပူဇော်ခြင်း၊ အခမဲ့မျက်စိစမ်းသပ်ခွဲ စိတ်ကုသပေးခြင်း၊ ထမနဲထိုးပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲများ ကျင်းခြင်း၊ အငြိမ့်ဇာတ်ပွဲများဖြင့် ကပြဖျော်ဖြေခြင်း၊ ပန်း ၉၀၀၀၊ သစ်သီး ၉၀၀၀ ဆက်ကပ်ပူဇော်ခြင်း၊ ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ခြင်း၊ တရားပွဲများပြုလုပ်ခြင်း၊ ဗုဒ္ဓဘိသေကအနေကဇာတင်ပွဲနှင့် ဆွမ်းဆန်စိမ်း လောင်းလှူပွဲနှင့် ရေစက်ချမင်္ဂလာ အခမ်းအနားများကို စည်ကား သိုက်မြိုက်စွာ ကျင်းပလေ့ရှိကြောင်း စေတီတော်ဂေါပကဥက္ကဋ္ဌ ဦးညွန့်အောင်က ပြောပြသည်။

သတင်း - အောင်ဝင်းငြိမ်း

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)