MNP - ဖေဖော်ဝါရီ ၁၅
ပြည်ထဲရေးဝန်ကြီးဌာန အရာထမ်း အမှုထမ်း မိသားစုဝင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ ပရိယတ္တိစာသင်တိုက်များသို့ ဆွမ်းဆန်တော်များ ဆက်ကပ် လှူဒါန်းလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့တွင် ဖေဖော်ဝါရီ ၁၅ ရက်မွန်းလွဲ ၂ နာရီခွဲက မြို့ဦးညောင်ပင်ရွာမပရိယတ္တိစာသင်တိုက် ဆရာတော် သံဃာတော်များအတွက် ဆွမ်းဆန်တော်များကို တာဝန်ရှိသူများက သွားရောက်ဆက်ကပ် လှူဒါန်းခဲ့သည်။
ထိုသို့ဆက်ကပ်လှူဒါန်းရာတွင် မြို့ဦးညောင်ပင်ရွာမပရိယတ္တိစာသင်တိုက် ဆရာတော်ဘဒ္ဒန္တ တေဇိန္တသာရက ဩဝါဒစကားများမိန့်ကြားတော်မူပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးရွှေအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းထက်နိုင်မြင့်တို့က ဆွမ်းဆန်တော် တစ်တင်းခွဲဝင်ဆန်အိတ်(၄)အိတ်တို့အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သတင်း - အောင်ဝင်းငြိမ်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment