ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ပန်းတနော်မြို့နယ်ရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် ပန်းတနော်မြို့နယ်ရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 



MNP - ဖေဖော်ဝါရီ    ၄

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ပန်းတနော် မြို့နယ်ရှိ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေအား သွားရောက် ကြည့်ရှုစစ်ဆေးရာ ရွှေကျောင်းမြောက် ကျေးရွာအုပ်စု၊ ဘုရားပျိုကျေးရွာရှိ ချမ်းသာကြီး ဘုန်းတော်ကြီးကျောင်းသို့ ယမန်နေ့ နံနက် ၁၁ နာရီခွဲက ရောက်ရှိပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်နည်း သင်တန်းအား ကြည့်ရှု စစ်ဆေးခဲ့သည်။

ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် တော်တရကြီးကျေးရွာ ကွန်ကရစ်လမ်းခင်းပေးရန် တင်ပြသော လမ်းအားကြည့်ရှုခဲ့သည်။

ထို့နောက် ဆုတောင်းပြည့်ကျေးရွာရှိ ချောင်းကလေး-အိမ်မဲ လမ်းခင်းမှုအခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အ.မ.က ကျောင်းအား ဝင်ရောက်၍ ကျောင်းသုံးပစ္စည်းများ၊ ကျန်းမာရေး ပစ္စည်းများနှင့် ထောက်ပံ့ငွေအား ပေးအပ်ခဲ့သည်။

ယင်းနောက် ချောင်းကလေးကျေးရွာရှိ တိုက်နယ်ဆေးရုံအား ကြည့်ရှုစစ်ဆေးပြီး နှာခေါင်းစည် (Mask) များ၊ PPE ဝတ်စုံများ၊ ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကာ လက်ပံကုန်း ကျေးရွာအုပ်စု၊ အနောက်ကုန်းကျေးရွာသို့ ရောက်ရှိပြီး စက်ရေတွင်းတူးဖော်မှု အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)