ကန့်ဘလူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကန့်ဘလူမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေး


MNP - ဖေဖော်ဝါရီ     ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ဆက်လက်ဆောင်ရွက် ပေးလျက်ရှိရာ အသက် ၁၈ နှစ်နှင့်အထက်ပြည်သူများအား ကာကွယ်ဆေး Phase-6 ဒုတိယအကြိမ် ထိုးနှံခြင်းကို ယနေ့နံနက် ၈ နာရီကစတင်၍ ကန့်ဘလူမြို့ ခုတင် ၁၀၀ ပြည်သူ့ ဆေးရုံတွင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အသက် ၁၈ နှစ်နှင့်အထက်ပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးရာ၌ ကျန်းမာရေး ဝန်ကြီးဌာမှ သတ်မှတ်ထားသည့် ကိုဗစ်-၁၉ ရောဂါ စည်းကမ်းချက်များနှင့်အညီ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သူနာပြုများ၊ ကျန်းမာရေး ဝန်ထမ်းများက ထိုးနှံပေးလျက်ရှိပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့ဝင်များက လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကာကွယ်ဆေး Phase- 6 ဒုတိယအအကြိမ် ထိုးနှံပေးခြင်းကို ဖေဖော်ဝါရီ ၂၄ ရက်မှ ၂၈ ရက်နေ့အထိ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကော်မတီမှ သိရသည်။

သတင်း - အောင်ဝင်းငြိမ်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)