MNP - ဖေဖော်ဝါရီ ၁၅
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဒိုက်ဦးမြို့နယ်၌ ယနေ့နံနက်ပိုင်းက ကန်ဦးကျောင်းတိုက် ဓမ္မာရုံ၌ သုဓမ္မာနိကာယမြို့မဂိုဏ်း နာယကဆရာတော်ကြီးများကြီးမှူးကျင်းပသော ( ၅၇ )ကြိမ်မြောက် ပရိယတ္တိသာသနနုဂ္ဂဟစာမေးပွဲအောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ် လှူဒါန်းပွဲ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အောင်လက်မှတ်နှင့်စာအောင်ဆုများ ဆက်ကပ်လှူဒါန်းပွဲတွင် မအူတောကျောင်း တိုက်ကြီး၏ ဦးစီးပဓာနနာယကမြို့မဂိုဏ်ကြီး၏ နာယကသြဝါဒဆရာတော် ဦးဝိမလထံမှငါးပါးသီလဆောက်တည်ကြပြီး အသင်းကြီး၏ အတွင်းရေးမှူးဦးသောင်းလွင်မှရ သုံးငွေစာရင်း ရှင်းလင်းတင်ပြပါသည်။
ဆက်လက်၍ မြို့နယ်သံဃာ့နာယက ဥက္ကဋ္ဌ မြို့သစ်ကျောင်းတိုက်ဆရာတော် ဦးဝိဇ္ဇောဘာသထံမှ ရေစက်ချအနုမောဒနာတရားနာယူပြီး နောက်ပရိယတ္တိသာသနနုဂ္ဂဟစာမေးပွဲအောင်လက်မှတ်နှင့် စာအောင်ဆုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် အဖွဲ့ဝင်များ၊ အလှူရှင်များက ဆက်ကပ်လှူဒါန်းခဲ့သည်။
အဆိုပါစာမေးပွဲ၌ ဝိနည်း၊ သဒ္ဒါနှင့် သင်္ဂြိုလ်တို့အား ဖေဖော်ဝါရီလ ၁၁ ရက်နေ့မှ ၁၅ ရက်နေ့ အထိဖြေဆိုခဲ့ကြပြီး စာမေးပွဲတွင် ဓမ္မာစရိယတန်း၊ ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း ၊အခြေပြုမူလတန်းနှင့် သာမဏေစုစုပေါင်း (၃၂၂ )ပါးတို့ ဝင်ရောက်ဖြေဆိုကြရာ ဓမ္မာစရိယတန်း (၅) ပါး၊ပထမကြီးတန်း (၄)ပါး၊ပထမလတ်တန်း (၆ )ပါး၊ပထမငယ်တန်း( ၃၀) ပါး၊အခြေပြုမူလတန်း ၅၃ ပါး နှင့်သာမဏေ ( ၁၂၉) ပါးအောင်မြင်ခဲ့ကြောင်း သတင်းရသည်။
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment