ကျိုက်ထိုမြို့နယ်တွင် မြို့နယ်သံဃနာယက အဖွဲ့ဝင်များ အနားယူခြင်းနှင့် အစားထိုးပြန်လည်ရွေးချယ်ခြင်းအခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကျိုက်ထိုမြို့နယ်တွင် မြို့နယ်သံဃနာယက အဖွဲ့ဝင်များ အနားယူခြင်းနှင့် အစားထိုးပြန်လည်ရွေးချယ်ခြင်းအခမ်းအနားကျင်းပ






MNP ၊  ဖေဖော်ဝါရီ   ၁၉

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် မြို့နယ် သံဃနာယက အဖွဲ့ဝင်များ အနားယူခြင်းနှင့် အစားထိုးရွေးချယ်ခြင်း အခမ်းအနားကို ဖေဖော်ဝါရီလ ၁၈ ရက် မွန်းလွဲပိုင်းက ကျိုက်ထိုမြို့၊ မြို့နယ်သာသနာ့ဗိမ္မာန် ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို ‌ဆရာတော် သံဃာ‌တော် များနှင့် ဌာနဆိုင်ရာ အကြီးအကဲများက နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး ဆရာတော်စ‌န္ဒောဘာသ( မွန်ပြည်နယ် သံဃာ့နာယကအဖွဲ့ )အကျိုး‌တော်ဆောင် ဆရာတော်များကျောင်းအုပ်သင်တန်းကျောင်း (ဝေဇန္တာ) ကျောင်းတိုက် ဆရာ တော်မှ သဘာပတိ အဖြစ်ဆောင်ရွက်ပြီး သံဃာ့ အဖွဲ့အစည်းရွေးချယ်ခြင်းနှင့် ပတ်သက်ပြီး ဩဝါဒ ကထာကိုမိန့်ကြားခဲ့သည်။

ယင်းနောက် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ(မြို့နယ်အုပ်ချုပ်ရေးမှူး)ဦးမျိုးမင်းစိုး က သာသနာရေးဆိုင်ရာ ကိစ္စရပ်များကိုလျှောက်ထားခဲ့သည်။

အဆိုပါလျှောက်ထားမှုအပေါ် သဘာပတိဆရာတော် စန္တောဘာသနှင့်ဆရာတော်သံဃာတော်များကသာဓု အနုမောဒနာ‌ခေါ်ယူပြီး သံဃာ့ဝန်ဆောင်ဆရာတော်ရွေးချယ် ရခြင်းနှင့်ပတ်သက်၍ သဘာပတိဆရာ တော်မှ ဩဝါဒမိန့်ကြားရာမြို့နယ်သံဃာဝန်ဆောင်ဆရာတော်များသည် (၅)နှစ်မှ(၆)နှစ်အထိ သာသနာ့တာဝန်ကိုထမ်းဆောင်ခဲ့ကြသည့်သံဃာတော်များဖြစ်သည့်အတွက် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း ယခုအချိန်တွင်သာသနာရေးဆိုင်ရာ ဥပဒေအရပြန်လည်ရွေးချယ် တင်မြောက်ရခြင်းဖြစ်ကြောင်းပြောကြားပြီး မြို့နယ်သံဃာ့ဝန်ဆောင်တာဝန်ကိုထမ်းဆောင်နိုင်မည့် ဆရာတော် (၁၁)ပါးနှင့် ပြည်နယ်သံဃာ့ဝန်ဆောင် ဆရာတော်ကြီး(၂)ပါးတို့အားရွေးချယ်တင်မြှောက်ပြီး ဗုဒ္ဓသာသနံ စိရံတိဌတုသုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုတ်သိမ်းခဲ့သည်။


သတင်း - ဝင်းမောင်(ကျိုက်ထို)

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)