လက်ပံတန်းမြို့နယ် ညောင်ကုန်းကျေးရွာ၌ ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လက်ပံတန်းမြို့နယ် ညောင်ကုန်းကျေးရွာ၌ ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးဖွင့်ပွဲကျင်းပ




MNP - ဖေဖော်ဝါရီ     ၂၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကွမ်းသီးတပင်ကျေးရွာအုပ်စု ညောင်ကုန်း ကျေးရွာတွင် ကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးဖွင့်ပွဲကို ယနေ့ နံနက်ပိုင်းက ညောကုန်းကျေးရွာ  လျှပ်စစ် ထရန်စဖော်မာရှေ့တွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို ကျေးရွာထရန်စဖော်မာရှေ့တွင် ကျင်းပရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်နှင့်အဖွဲ့ဝင်များ ကျေးရွာ မီးလင်းရေးကော်မတီဥက္ကဋ္ဌ ဦးစံငြိမ်းနှင့် ကျေးရွာတာဝန်ရှိသူများမှ ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြ သည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင်လျှပ်စစ် အင်ဂျင်နီယာမှူး ဦးမင်းဗညားအောင်ဆန်းလင်းက လျှပ်စစ်ဓာတ်အားပေးခြင်းဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်က ကျေးရွာမီးလင်းရေးဆိုင်ရာ ကိစ္စရပ်များ ရှင်လင်းပြောကြားခဲ့ပြီး  ကျေးရွာမီးလင်းရေးကော်မတီဥက္ကဋ္ဌ ဦးစံငြိမ်းက ကျေးဇူးတင်စကားပြောကာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်း သိရသည်။

လက်ပံတန်းမြို့နယ် ညောင်ကုန်းကျေးရွာကိုယ့်အားကိုယ်ကိုး လျှပ်စစ်မီးကို နိုင်ငံတော်မှ 11KV လိုင်း ၆၈၀၀ ပေနှင့် 100 KVA ထရန်စဖော်မာ (၁)လုံးထောက်ပံ့ပေးခဲ့ပြီး၊ 400w ဓာတ်အားလိုင်းဖြင့် ကျေးရွာ အတွင်း အိမ်ခြေ(၁၁၀)အား မီတာတပ်ဆင်နိုင်ရန် ကျပ်သိန်း (၁၉၀)ဖြင့် ဆောင်ရွက်ထားရှိကြောင်း  ကျေးရွာမီးလင်းရေးကော်မတီထံမှ သိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)