ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု (၁၈၁၂၉၈) ဦး ထိုးပေးနိုင်ပြီဖြစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးနိုင်မှု (၁၈၁၂၉၈) ဦး ထိုးပေးနိုင်ပြီဖြစ်

 




MNP - ဖေဖော်ဝါရီ    ၂၁

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ ယနေ့နံနက်ပိုင်းအချိန်ထိ ၁၈၁၂၉၈ ဦး ထိုးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနန်းတင့်ထံက သိရသည်။

ညောင်ဦးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးပေးနိုင်ရန်  ညောင်ဦးမြို့နယ်တွင် သတ်မှတ်စုရပ်နေရာ(၁၂)နေရာဖြင့် ကိုဗစ်ကာကွယ်ဆေးများ ထိုးနှံ ပေးလျက်ရှိရာ ညောင်ဦးမြို့နယ်တွင် ပထမအကြိမ် Sinopharm ကိုဗစ်ကာကွယ်ဆေးထိုးပေးနိုင်မှု ၈၈၅၃၀ ဦး၊ Sinopharm ဒုတိယအကြိမ် ၇၃၉၆၀ဦး၊ Sinovac ပထမအကြိမ် ၃၈၃၄ဦး၊ Sinovac ဒုတိယ အကြိမ် ၃၄၄၄ဦး၊ Phase -6 Covisheld ပထမအကြိမ် ၇၇၀၀ဦး၊ Phase -6 Covisheld ဒုတိယ အကြိမ်(-)ဦး၊ Phase -7 Covisheld ပထမအကြိမ် ၁၃၅၃ဦး၊ Booster Sinopharm (- )ဦး ၊ Phase -7 Sputnik Light (First Doest)  ၁၄၁၄ဦး၊  Sputnik Light (Booster)၁၀၁၆ဦး ထိုးပေးနိုင်ပြီဖြစ်ကာ ညောင်ဦးမြို့နယ်အနေဖြင့် ကိုဗစ်ကူးစက်ရောဂါကာကွယ်ဆေးထိုး ပေးနိုင်မှု ၁၈၁၂၉၆ ဦး ထိုးပေးနိုင်ပြီဖြစ်ကြောင်း၊ ဝေးလံသည့်နေရာ ဒေသများသို့လည်း နယ်လှည့်ကွင်းဆင်း ကိုဗစ် ကာကွယ်ဆေးထိုးအဖွဲ့များဖြင့် လိုက်လံထိုးနှံပေးလျက်ရှိကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

သတင်း - ကိုထိန်   

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)