အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှုဖွံဖြိုးတိုးတက်ရေးဂဟေဆက်သင်တန်းဆင်းပွဲနှင့် လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းဖွင့်ပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှုဖွံဖြိုးတိုးတက်ရေးဂဟေဆက်သင်တန်းဆင်းပွဲနှင့် လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်းသင်တန်းဖွင့်ပွဲကျင်းပ





MNP - ဖေဖော်ဝါရီ    ၁၉

ရန်ကုန်တိုင်းဒေသကြီး ကလေးအလုပ်သမားပပျောက်ရေးကော်မတီ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေး ရေး လုပ်ငန်းကော်မတီ၏ ဂဟေဆက်သင်တန်းဆင်းပွဲနှင့် လျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက ရန်ကင်းမြို့နယ်အမှတ် ၁၃ ရပ်ကွက်ကျွမ်းကျင်မှု လေ့ကျင့်ရေးသင်တန်းကျောင်း၌ကျင်းပသည်။

ရှေးဦးစွာ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာအလုပ်အကိုင်အခွင့် အလမ်းများဖန်တီး ပေးရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌ ရန်ကုန်တိုင်းဒေသကြီး သယံဇာ တရေးရာဝန်ကြီး ဦးဇော်ဝင်းကအဖွင့်အမှာစကား ပြောကြားသည်။

အဆိုပါ ဂေဟဆက်သင်တန်းအား ၁၈-၁-၂၀၂၂ ရက်နေ့တွင်ဖွင့်လှစ်ခဲ့ပြီး ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာအခွင့်အလမ်းများဖန်တီးပေးဖို့ဆိုသည့် ရည်မှန်းချက် တာဝန်ကို အကောင်အထည်ဖော် ဆောင်ရွက်သည့်အနေဖြင့် လူငယ်လူရွယ်တွေအတွက် ယခုလို သင်တန်းတွေဖွင့်လှစ်ပေးရတာဖြစ်ပြီး သင်တန်းသား(၂၀)ဦး ဖြင့်ဖွင့်လှစ်ခဲ့တာ ဖြစ်ကြောင်း၊ ပထမအကြိမ်သင်တန်းအဖြစ် ဂဟေဆက်သင်တန်းကို ၁၈-၁-၂၀၂၂ မှ ၁၇-၂-၂၀၂၂ ရက်နေ့ အထိဖွင့်လှစ်ပို့ချခဲ့ကြောင်း၊ ဆက်လက်ပြီး ဒုတိယအကြိမ် သင်တန်းအဖြစ် လျှပ်စစ်သွယ်တန်း တပ်ဆင်ခြင်းသင်တန်းကို သင်တန်းသား(၃၂)ဦးဖြင့် ၁၈-၂-၂၀၂၂ ရက်နေ့မှစ၍ သင်ကြားပို့ချပေး သွားမည် ဖြစ်ကြောင်း၊ သင်တန်းသားများအနေဖြင့် မိမိတို့ အနာဂတ်အတွက် လုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာစာတွေ့၊ လက်တွေ့၊ အသိပညာ၊ အတတ် ပညာတွေကို ကြိုးစားသင်ယူလေ့လာသွားကြဖို့ တိုက်တွန်းမှာကြားလိုပါကြောင်း၊ သင်တန်း မှရရှိလာသည့် အသိပညာနှင့် ကျွမ်းကျင်မှုတွေကိုအသုံးချပြီး သက်ဆိုင်ရာလုပ်ငန်းခွင်တွေမှာ ဝင်ရောက်လုပ်ကိုင်ကြဖို့လိုကြောင်း၊ အလုပ်အကိုင်ဆိုင်ရာကျွမ်းကျင်မှု စံချိန်စံညွှန်းများနှင့် အညီ လက်တွေ့ကျွမ်းကျင်မှုရှိသူများ အားမြန်မာနိုင်ငံလုပ်သားများကျွမ်းကျင်မှု စံ သတ်မှတ် ပြဋ္ဌာန်းရေးအဖွဲ့(National Skills Standards Authority- NSSA) ကပြုလုပ်သည့် ဂဟေဆက်ကျွမ်းကျင်လုပ်သားအဆင့်(၁)ကို ဝင်ရောက်ဖြေဆိုကြရမှာဖြစ်ပြီး အောင်မြင်ပါက အမျိုးသားအဆင့်ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်ကိုလည်း ရရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ဂဟေဆက်ထူးချွန်သင်တန်းသား(၃)ဦးအား ဝန်ကြီးမှဆုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ပြီး သင်တန်းသားများအား သင်တန်းဆင်းလက်မှတ် များပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်း - လှလှထွေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)