MNP ၊ ဖေဖော်ဝါရီ ၁၇
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များမှ တိုက်ပွဲရှောင် စခန်းများသို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ (ICRC) အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၏ ကူညီပံ့ပိုးမှုဖြင့် မြို့နယ်ကြက်ခြေနီအသင်းခွဲမှ တပ်ဖွဲ့ဝင်များက ယနေ့ နံနက် ၉ နာရီအချိန်တွင် အဆိုပါ တိုက်ပွဲရှောင်စခန်းနေရာများသို့ သွားရောက်ပြီး မိုင်းအန္တရာယ်အကြောင်း သိကောင်းစရာ များအား ရှင်းလင်းဟောပြောခဲ့ကြောင်းသိရသည်။
အဆိုပါ မိုင်းအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းသို့ မြို့နယ် ကြက်ခြေနီအသင်းခွဲမှ တပ်ခွဲမှူး ဒေါ်လှလှဝင်းက မြို့ပေါ်ရပ်ကွက်များရှိ ယာယီဖွင့်လှစ်ထားသော တိုက်ပွဲရှောင်စခန်းများဖြစ်သည့် သျှစ်သောင်းဘုန်း တော်ကြီးကျောင်းတိုက်ပွဲရှောင်စခန်း၊ နရတ် စားဘုရားသိမ် တိုက်ပွဲရှောင်စခန်း၊ ကိုးနဝင်းဘုရား သိမ်တိုက်ပွဲရှောင်စခန်းနှင့် လက် ကောက် ဈေးဘုန်းတော်ကြီးကျောင်း တိုက်ပွဲရှောင်စခန်းများသို့ သွားရောက်ပြီး အဆိုပါတိုက် ပွဲရှောင်စ ခန်း များတွင် လာရောက်ခိုလှုံရောက်ရှိနေကြသော ကျေးရွာအသီးသီးမှ တိုက်ပွဲရှောင် ပြည်သူများအား မြေမြှပ်မိုင်းအန္တရာယ် ကြိုတင်တားဆီးကာကွယ်နိုင် ရေးအတွက် ကျေးလက်နေ ပြည်သူများ သိသင့်သိထိုက်သော ဆောင်ရန်/ရှောင်ရန်အချက်များ၊ မိုင်းအန္တရာယ်အသိပေး အမှတ် အသားများ၊ ထိခိုက်ပေါက်ကွဲစေတတ်သော မိုင်းများနှင့် ပတ်သက် ၍ လည်းကောင်း ၊ ပေါက်ကွဲ စေတတ်သောမြေမြှပ်မိုင်းနှင့်စစ်အကြွင်း အကျန်လက်နက်များအား မိမိတို့ ကျေးရွာများ အနီး တွေ့ရှိပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများသို့ ချက်ချင်း အကြောင်းကြား ရန်စသောမိုင်းနှင့်ပတ်သက်သည့် သိကောင်းစရာအချက်များအား သွားရောက်အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
သတင်း - မြင့်စိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment