မင်းလှမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းအိုမီခရွန်ရောဂါကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းလှမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းအိုမီခရွန်ရောဂါကာကွယ်နိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ်


MNP - ဖေဖော်ဝါရီ    ၁၇

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌  မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ တွေဆုံကာ ကိုဗစ်-၁၉ ဗီဇပြောင်းအိုမီခရွန်‌ ရောဂါကာကွယ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီအချိန်ကပြုလုပ်ခဲ့သည်။

 အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးထွဋ်က မြို့နယ်အတွင်း ကိုဗစ်-၁၉ မျိုးကွဲသစ် ဗီဇပြောင်းအိုမီခရွန်ရောဂါ ပြန်လည်ဖြစ်ပွားနေမှု အခြေ‌အနေများ၊ ရောဂါဖြစ်ပွားမှုအား ကြိုတင် ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်သွားမည့် အခြေအနေများ၊ ကိုဗစ်ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု အ‌ခြေအနေများနှင့် ဆက်လက်ထိုးနှံပေးနိုင်ရေး ကိစ္စရပ်များ၊ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် လူစုလူဝေးဖြင့် ဆောင်ရွက်သည့် ဘာသာရေး၊ လူမှုရေးအခမ်းအနားများ ကျင်းပ ဆောင်ရွက်မှုအား ထိန်းချုပ်ကန့်သတ်ဆောင်ရွက်သွားရန်နှင့် မိမိရပ်ကွက်ကျေးရွာ အုပ်စုအတွင်းသို့ ရောဂါဖြစ်ပွားနှုန်း မြင့်မားနေသည့် အခြားမြို့နယ်များမှ ပြန်လည်ဝင်ရောက် လာသူများရှိပါက အချိန် နှင့်တစ်ပြေးညီ သတင်းပေးပို့ဆောင်ရွက်သွားရန်နှင့် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး အသိပေး ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာ အကြီးအကဲများက ဌာနအနေဖြင့် ကိုဗစ်ကာကွယ်ရေးအတွက်  လုပ်ငန်း အခြေအနေ များကို အသီးသီးဆွေးနွေးတင်ပြခဲ့ပြီး၊ ရပ်ကွက်/ကျေးရွာ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများက လိုအပ်ချက်များကို မေးမြန်းဆွေးနွေးခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က  ပူးပေါင်း‌ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးပြောကြား ခဲ့ကြောင်း သိရသည်။

သတင်း - ပေါက်စ 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)