သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ် ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီလုပ်ငန်းညှိနှိုင်း အစည်းအဝေး ပြုလုပ် ဆောင်ရွက်

 


MNP - ဖေဖော်ဝါရီ    ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်စိုးဝင်းက မြန်မာနိုင်ငံရှိ အခြားမြို့ကြီးများတွင်  ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန်ရောဂါဖြစ်ပွားသူများ တွေ့ရှိနေရပြီ ဖြစ်သောကြောင့် သီပေါမြို့နယ်အတွင်းသို့ အဆိုပါရောဂါကူးစက် ပြန့်ပွားမှုမရှိစေရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ် ဆောင်ရွက်ကြရန်၊ ပြည်သူ များ ကာကွယ်ဆေးထိုးနှံကြရန်၊ ကိုဗစ်စည်းကမ်းချက်များနှင့်အညီနေထိုင်ကြစေရန်နှင့် ရောဂါ ကာကွယ်ရေး အသိပညာပေးဆော်ဩခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆက်လက် ဆောင်ရွက်သွားကြရန်၊ Mask Campaign များပြုလုပ်ဆောင်ရွက်ရန်စသည်ဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်လာကြသော မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များက အဆိုပါရောဂါနှင့် ပတ်သက်၍ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေ၊ လူနာကုသဆောင်ပြင်ဆင်ထားရှိမှု အခြေအနေ၊  ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ် ရေးအတွက် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီးတင်ပြ ဆွေးနွေးခဲ့ကြသည်။အစည်းအဝေးသို့ မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

သတင်း - ခင်လေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)