MNP - ဖေဖော်ဝါရီ ၄
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ အင်းကုန်းဘက်စုံစံပြ ကျေးရွာရှိ ကုလားပဲ၊ မတ်ပဲနှင့် ပဲမျိုးစုံစိုက်တောင်သူများအား မျိုးစေ့နှင့် ဘိုရွန်လက်ချား မြေဩဇာများကို ယမန်နေ့ နေ့လယ် ပိုင်းက အင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှုးရုံးတွင် ထောက်ပံ့ပေးအပ်ခဲ့သည်။
ထိုသို့ထောက်ပံ့ပေးခြင်းအားဖြင့် ကုလားပဲ၊ မတ်ပဲ၊ ပဲမျိုးစုံ အထွက်နှုန်းတိုးတက်စေရေး ပန်းပွင့်ချန်တွင် ဘိုရွန်လက်ချား ရွက်ဖြန်းမြေဩဇာပတ်ဖြန်း၍ ပဲမျိုးစုံအထွက်နှုန်းတိုးတက်စေရန် အင်းကုန်းကျေးရွာရှိ ပဲမျိုးစုံစိုက် တောင်သူ (၅၂) ဦးအား ဘိုရွန်လက်ချား ရွက်ဖြန်းမြေဩဇာများ ထောက်ပံပေးအပ်ခဲ့သည်။
ဆက်လက်ပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ တောင်သူများက ကုလားပဲ စိုက်ခင်းနှင့် မတ်ပဲစိုက်ခင်းများ ပိုးမွှားရောဂါကျရောက်မှု ရှိ/မရှိ လိုက်လံကြည့်ရှုကွင်းဆင်း ဆောင်ရွက်ကာ တောင်သူများအား လိုအပ်သည်များကို ပညာပေးဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
သတင်း - သင်းသင်းမြတ်
https://t.me/MyanmarNationalPost
www.mnpnewsagency.com
No comments:
Post a Comment