မြဝတီမြို့၌ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြဝတီမြို့၌ (၇၅)နှစ်မြောက်စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနား ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး


MNP - ဇန်နဝါရီ    ၄

ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ၂၀၂၂ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကို အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ခရိုင်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုတင့်က (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကျင်းပရေး နိုင်ငံတော်အလံ အလေးပြုခြင်းနှင့် သဝဏ်လွှာဖတ်ကြားခြင်း အခမ်းအနားများကို အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် ဌာနဆိုင်ရာ အသီးသီးက ပူပေါင်းပါဝင်ဆောင်ရွက်ကြရန် အဖွင့်အမှာစကား ပြောကြားသည်။

ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဒုတိယညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားအောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပတ်သက်၍ အခမ်းအနားပြင်ဆင်ခြင်း လုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ပညာရေးမှူး ဦးမြင့်ဦးက   အခြေခံပညာ ကျောင်းများတွင် အားကစားပြိုင်ပွဲ၊ ကျပန်းစကား ပြောပြိုင်ပွဲများနှင့် စာစီစာကုံးပြိုင်ပွဲများ ကျင်းပပြုလုပ်မှု အခြေအနေများ၊ ဌာနဆိုင်ရာများနှင့် ရပ်ကွပ်အုပ်ချုပ်ရေးမှူးများ ကလည်း အာကစားပြိုင်ပွဲများ ပြုလုပ်မည့် အခြေအနေများကို တင်ပြဆွေးနွေးသည်။

ထို့နောက်  ခရိုင်သာသနာထွန်းကားပြန့်ပွားရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမောင်ဝင်းက သာသနာရေး လုပ်ငန်းများနှင့် ပတ်သက်၍ ဆောင်ရွက်နေမှု အခြေအနေများကို တင်ပြဆွေးနွေးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ပြန်လည်ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

သတင်း - မန်းသန်းရွှေမြင့်

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)