တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး စောမာတင်လူသာ မွန်တိုင်းရင်းသားကိုယ်စားလှယ်များနှင့်တွေဆုံပွဲ သို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး စောမာတင်လူသာ မွန်တိုင်းရင်းသားကိုယ်စားလှယ်များနှင့်တွေဆုံပွဲ သို့တက်ရောက်








MNP ၊ ဖေဖော်ဝါရီ ၁၆

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာနှင့် တိုင်းဒေသကြီးရှိမွန်တိုင်းရင်း သားကိုယ်စားလှယ်များတွေဆုံပွဲကို ယနေ့နံနက် ၁၀ နာရီ က ထားဝယ်မြို့၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။

တွေ့ဆုံပွဲတွင်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးစောမာတင်လူသာ က မွန်တိုင်းရင်းသားကိုယ်စား လှယ်များအနေဖြင့် မိမိတို့နေထိုင်ရာဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တွေ့ဆုံပွဲတွင်တင်ပြဆွေးနွေးပေးစေလိုကြောင်း၊ ယနေ့ တွေ့ဆုံခြင်းသည် မွန်တိုင်းရင်းသားအားလုံး၏ အခွင့်အရေးရပိုင်ခွင့်များကို တင်ပြတောင်းဆိုစေလိုကြောင်း လူဝင်မှုကြီး ကြပ် ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန က ပြည်သူများကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးရရှိရေးအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးနေသောကြောင့် ပန်းခင်းစီမံချက်တွင် တိုင်းရင်းသားများအခွင့်အရေးများစွာရှိကြောင်းပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ က မွန်တိုင်းရင်းသားကိုယ်စားလှယ်များအားထောက်ပံ့ငွေစုစုပေါင်း ငွေကျပ်(၁၇၀) သိန်းအား ပေးအပ်ခဲ့သည်။

ထို့နောက်တက်ရောက်လာသေ ာမွန်တိုင်းရင်းကိုယ်စားလှယ်များ ကတိုင်းရင်းသားရေးရာကဏ္ဍ၊ ဒေသထွက်ကုန်နှင့် လူမှုစီးပွားဘဝဖွံဖြိုးရေးတိုးတက်ရေးကဏ္ဍ၊  လျှပ်စစ်နှင့်စိုက်ပျိုးရေးကဏ္ဍ၊ ကျေးလက်ကုန်ထုတ်လမ်းတံတား နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍ၊ တိုင်းရင်းသာရိုးရာဓလေ့ ထိန်းသိမ်းစောင့်ရှောက်ရေးကဏ္ဍ၊ တိုင်းရင်းသားစာပေ နှင့်ယဉ်ကျေးမှုကဏ္ဍ၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးကဏ္ဍများ ရှင်းလင်းဆွေးနွေးတင်ပြရာ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တိုင်းရင်းသားရေးရာကော်မတီအား ထောက်ပံ့ငွေကျပ်(၂)သိန်း အားပေးအပ်ခဲ့ကြောင်းသတင်းရရှိသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)