ပင်လောင်း၌ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဖလား ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် ဘောလုံးပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပင်လောင်း၌ မြို့နယ်အားကစားနှင့် ကာယပညာကော်မတီဥက္ကဋ္ဌ ဖလား ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် ဘောလုံးပြိုင်ပွဲ ကျင်းပ




MNP - ဖေဖော်ဝါရီ    ၁၉

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် မြို့နယ်အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ ဖလား ရပ်ကွက်/ ကျေးရွာအုပ်စုအလိုက် ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် ၉နာရီက မြို့နယ်အားကစားကွင်း၌ စတင်ကျင်းပခဲ့သည်။ 

ပြိုင်ပွဲကို မြို့နယ်အားကစားနှင့်ကာယပညာကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ တို့ တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သည့် ဘောလုံးအသင်း ၇၂ သင်းအား အုပ်စု ၂၄  အုပ်စုဖြင့်  မဲခွဲ၍ တစ်အုပ်စုလျှင် အသင်းသုံးသင်း ပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ကစားသွားမည်ဖြစ်သည်။

ပြိုင်ပွဲအား မြို့နယ်စီမံအုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ All Star ဘောလုံးအဖွဲ့ဝင်များ တက်ရောက်အားပေးခဲ့ကြသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)