မြိတ်ခရိုင်အတွင်း ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားများ ရရှိစေရေးအတွက် ကလေးသူငယ်အခွင့်အရေး များဆိုင်ရာကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြိတ်ခရိုင်အတွင်း ကလေးသူငယ်များ၏ အကောင်းဆုံး အကျိုးစီးပွားများ ရရှိစေရေးအတွက် ကလေးသူငယ်အခွင့်အရေး များဆိုင်ရာကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ




MNP - ဖေဖော်ဝါရီ   ၁၇

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အတွင်းရှိ ကလေးသူငယ်များ၏ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ခရိုင်ကလေး သူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက အထွေထွေအုပ်ချုပ် ရေးဦးစီးဌာန ကျွန်းရတနာ အစည်းအဝေးခန်းမ ကျင်းပသည်။

လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ကလေးသူငယ်များအားလုံး ကလေးသူငယ်အခွင့်အရေးများကို ဥပဒေနှင့်အညီ ရရှိစေရန်၊ ကာကွယ်စောင့်ရှောက်ရန် လိုအပ်သော ကလေးသူငယ်များအား ကာကွယ်စောင့် ရှောက်ပေးရန်၊ ကလေး သူငယ်မှုခင်းများ လျော့ပါးပပျောက်စေရန်နှင့် ကလေးသူငယ်များအပေါ် နည်းမျိုးစုံဖြင့် အကြမ်းဖက်မှုမှ ကာကွယ်ပေးရန် အတွက် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီနှင့် လူမှုရေးအသင်းအဖွဲ့များ၊ သက်ဆိုင်ရာ အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ကျင်းပခြင်းဖြစ်ကြောင်း  သိရသည်။

အစည်းအဝေးတွင် မြိတ်ခရိုင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဉာဏ်ဇော်က ကလေးသူငယ်များ၏ အဓိကအခွင့်အရေးများဖြစ်သည့် အသက်ရှင်သန်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်၊ ကာကွယ် စောင့်ရှောက်ခံပိုင်ခွင့်၊ ပါဝင်ဆောင်ရွက်ခွင့်အပြည့်အဝရရှိစေရန် ကလေးများအပေါ် ခွဲခြားဆက်ဆံခြင်းမရှိဘဲ ကလေး သူငယ်များ၏ အကောင်းဆုံးအကျိုးစီးပွားများ ရရှိစေရေးအတွက် သက်ဆိုင်ရာဌာနများက ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်း အမှာစကား ပြောကြားသည်။

ထိုနောက် ခရိုင်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအတွင်းရေးမှူး၊ လူမှုဝန်ထမ်းဦးစီး ဌာန ဒုတိယညွှန် ကြားရေးမှူး ဒေါ်နီနီဝင်းက ၂၀၂၁ခုနှစ် ဇန်နဝါရီလ မှ ၂၀၂၂ခုနှစ် ဇန်နဝါရီလအထိ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြာပြီး ကော်မတီဝင် ဌာနဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ဝိုင်းဝန်းဆွေးနွေးခဲ့ကြ၍ ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။

သတင်း - ခိုင်ထူး 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)