ပူတာအိုခရိုင်၌ တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်အသေးစားစက်မှု လက်မှု လုပ်ငန်းဦးစီးဌာနရုံး တိုးချဲ့ဖွင့်လှစ်သွားမည် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပူတာအိုခရိုင်၌ တောင်သူလယ်သမားနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ခရိုင်အသေးစားစက်မှု လက်မှု လုပ်ငန်းဦးစီးဌာနရုံး တိုးချဲ့ဖွင့်လှစ်သွားမည်

 


MNP - ဖေဖော်ဝါရီ     ၂၇

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်များ၏ လူမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်၍ ၂၀၂၂ ခုနှစ်၊ မတ်လ(၂)ရက်နေ့တွင် ကျရောက်မည့် တောင်သူလယ်သမားနေ့ကို ကြိုဆို ဂုဏ်ပြုသောအားဖြင့် ပူတာအိုခရိုင် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနရုံးကို ပူတာအိုမြို့ မြို့မရပ်ကွက်၌ မတ်(၂)ရက်နေ့တွင် တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ကချင်ပြည် နယ် အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်မောင်းထံမှ သိရသည်။

ခရိုင်အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရုံး ဖွင့်လှစ်ခြင်းအားဖြင့် ဒေသခံပြည်သူများမှ ဒေသထွက် စိုက်ပျိုးရေးသီးနှံများ၊ သဘာဝအရဒေသတွင် အလျှံပါယ်ထွက်ရှိသည့် ကြိမ်၊ ဝါးအမျိုးမျိုးကို တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်ရောင်းချခြင်းဖြင့် သဘာဝသယံဇာတအခြေပြု စီးပွားရေးမှသည် လူသားအရင်းအမြစ်နှင့်နည်း ပညာပေါင်းစပ်၍ မိသားစုဝင်ငွေ တိုးတက်ရရှိခြင်း၊ စဉ်ဆက်မပြတ် ရှင်သန်ဖွံ့ဖြိုးပြီး စိုက်ပျိုးရေးသီးနှံများ၊ ကြိမ်၊ ဝါးနှင့် အိမ်တွင်းစက်မှုလက်မှုလုပ်ငန်း ခိုင်မာအားကောင်း၍ ဒေသခံပြည်သူများ၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် မိသားစုဝင်ငွေ ပိုမိုဖွံ့ဖြိုးတိုးတက် ရရှိလာမည်ဖြစ်သည်။

ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၏ လုပ်ငန်းတာဝန်၊ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်များဖြစ်သည့် အသေးစားစက်မှုလက်မှု လုပ်ငန်းများ၊ ရက်ကန်းလုပ်ငန်းများ၊ အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကာလတိုသင်တန်းများ၊ မြန်မာ့ရိုးရာပန်း(၁၀)မျိုး စဉ်ဆက်မပြတ် ဖွံ့ဖြိုးရေး အားပေးဆောင်ရွက်လျက်ရှိရာ အဆိုပါလုပ်ငန်းများ ပူတာအိုဒေသတွင် ဖွံ့ဖြိုးတိုးတက်လာပါက မိသားစုဝင်ငွေ တိုးတက်ရရှိခြင်း၊ စိုက်ပျိုးရေးထွက်ကုန်သီးနှံများ လေလွင့်ဆုံးရှုံးမှု မရှိခြင်း၊ ပြည်ပသွင်းကုန်အစားထိုး စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းများ ပိုမိုဖွံ့ဖြိုးလာမည်ဖြစ်သည်။

ပူတာအိုဒေသခံပြည်သူများ၏ ရိုးရာလက်မှုထည်များသည် လှပသေသပ်ခိုင်ခံ့၍ ခရီးသွားပြည်သူများကို အထူးဆွဲဆောင်လျက် ရှိသောကြောင့် ခရိုင်အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရုံး ဖွင့်လှစ်ခြင်း ဖြင့် ရန်ကုန် တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပ မြို့နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၌ MHC မြန်မာ့ရိုးရာလက်မှုထည် အမှတ်တရအရောင်းပြခန်းများနှင့် ချိတ်ဆက်၍ ဒေသထွက်လက်မှုထည်များ ပြည်တွင်းပြည်ပခရီးသွား အမှတ်တရပစ္စည်းကို ပိုမိုနှစ်သက်ဝယ်ယူ အားပေးလာ မည်ဖြစ်ကြောင်း သိရသည်။

သတင်း - ဖုန်ကန်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)