MNP - ဖေဖော်ဝါရီ ၁၆
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Covid Shield) ဆမအသုတ် ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့နံနက်၉နာရီအချိန်မှ ညနေ့ (၃)နာရီအချိန်ထိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေး ခန်းမ ဆေးထိုးစုရပ်၌အသက်(၁၈)နှစ်အထက် ပြည်သူများအား ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ ကာကွယ်ဆေးထိုးနှံရာတွင် ကျိန္တလီမြို့အတွင်းရှိ ရပ်ကွက် / ကျေးရွာအုပ်စုများမှ အသက် (၁၈)နှစ်အထက် ပြည်သူများအား ၁၇-၁-၂၀၂၂ရက်နေ့တွင် ပထမအကြိမ် ထိုးနှံထားသူများအား ယနေ့နံနက်ပိုင်းမှစတင်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး(Covishield) ဆမအသုတ် ဒုတိယအကြိမ် ထိုးနှံပေးလျက်ရှိပြီး သံဃာတော်(၃)ပါး၊ အခြားဝင်ငွေရှိသော လုပ်ငန်းလုပ်ကိုင်သူ(၂၅)ဦး၊ အသက်(၁၈)နှစ် အထက်ပြည်သူ(၁၂၉)ဦး စုစုပေါင်း(၁၅၇)ဦးအား ထိုးနှံ ပေးနိုင်ခဲ့ကြောင်း သိရသည်။
သတင်း - ခိုင်မိုးမင်း
မြန်မာနေရှှု်နယ်ပို့စ်
No comments:
Post a Comment