MNP - ဖေဖော်ဝါရီ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ၂၀၂၁-၂၀၂၂ (၆)လပတ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းဖြစ်သော ကုန်ထုတ်လမ်းနှင့်တံတား (၂)စင်း ဆောင်ရွက်နေမှုကို မိုင်းဆတ်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဒုတိယညွှန်ကြားရေးမှူး ဦးခင်မောင်တိုးမှ ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ရာ မိုင်းတုံမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းအောင်မျိုးထက်နှင့် ကုမ္မဏီတာဝန်ခံမှ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
အဆိုပါ ကုန်ထုတ်လမ်းနှင့်တံတား (၂)စင်း တည်ဆောက်မှုကို မိုင်းတုံမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၁-၂၀၂၂ ခုနှစ် (၆)လပတ် ပြည်ထောင်စု ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသော လုပ်ငန်းဖြစ်သည်။ လုပ်ငန်း(၂)ခု၏ စုစုပေါင်း ကုန်ကျငွေ (၄၄.၂)သန်းဖြင့် ဆောင်ရွက်ခဲ့ကြောင်း ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုင်းအောင်မျိုးထက်ထံမှ သိရပြီး လုပ်ငန်း(၂)ခုလုံးကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးရေးအတွက် ပေါင်းစပ်ဆောင်ရွက် ပေးခဲ့ကြကြောင်း သိရှိရသည်။
သတင်း - ဝင်းဝင်းခိုင်
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment