မအူပင်မြို့တွင် မြို့နယ်ငါးလုပ်ငန်းအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မအူပင်မြို့တွင် မြို့နယ်ငါးလုပ်ငန်းအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်ဆောင်ရွက်

 



MNP - ဖေဖော်ဝါရီ     ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် မြို့နယ်ငါးလုပ်ငန်းအဖွဲ့ချုပ် အလုပ်အမှုဆောင်အဖွဲ့ ပြန်လည်ရွေးချယ်ပွဲကို ယနေ့ နံနက် ၁၀ နာရီက မအူပင်ဟိုတယ်ခန်းမတွင် ဆောင်ရွက်သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် (၂) ဦးသန်းထွန်း၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဆန်းဝင်းနှင့် မြို့နယ်အတွင်းရှိ ငါးလုပ်ငန်းရှင်များ တက်ရောက်ကြသည်။ ရှေးဦးစွာ မအူပင်ခရိုင် ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးဆန်းဝင်းက ဧရာဝတီတိုင်းအတွင်း ငါးမွေးမြူရေးလုပ်ငန်းများကို အများအပြား ဆောင်ရွက်လျက်ရှိသဖြင့် ငါးလုပ်ငန်းအဖွဲ့ချုပ် အလုပ်အမှုဆောင် ပြန်လည်ရွေးချယ်ရာတွင် တာဝန်ယူမည့် ဦးဆောင် သူများအနေဖြင့် အဖွဲ့ချုပ်၏ စွမ်းဆောင်ရည်မြင့်မားမှု မွေးမြူရေးအပြင် ကုန်စည်စီးဆင်းမှု ပိုမိုအားကောင်းရန် အတွေးအခေါ်အယူအဆ အမြင်သစ်များဖြင့် ညီညီညွတ်ညွတ် ဆောင်ရွက်ရန် အဖွင့်ပြောကြားသည်။

ဆက်လက်၍ မအူပင်မြို့နယ် ငါးလုပ်ငန်းအဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌဟောင်း ဦးကျော်သိန်းက အဖွဲ့သစ် ပြန်လည်ရွေးချယ်ရန် အဖွင့်ပြောကြားပြီး အလုပ်အမှုဆောင်အဖွဲ့ ပြန်လည် ရွေးချယ်ပွဲကို တက်ရောက်လာသူများက တင်မြှောက်ရွေးချယ်ကြရာ ထနီးကျေးရွာ ဦးမျိုးမင်းလှိုင် (ဥက္ကဋ္ဌ)၊ ဒေါ်စန်းစန်းမြင့်၊ သောင်စားကျေးရွာ (ဒု-ဥက္ကဋ္ဌ)၊

ဦးကျော်ဆန်း၊ မလက်တို (ဒု-ဥက္ကဋ္ဌ-၂)၊ ဦးစိုးလွင်၊ ထနီးကျေးရွာ (ဒု-ဥက္ကဋ္ဌ-၃)၊ ဦးတင်ဝင်း၊ ထနီးကျေးရွာ (အတွင်းရေးမှူး)၊ ဦးအောင်မြင့်၊ မလက်တို (တွဲဖက်အတွင်းရေးမှူး-၁)၊ ဦးစံမြင့်၊ သောင်ဇားကျေးရွာ (တွဲဖက်အတွင်းရေးမှူး-၂)၊ ဦးစိန်မြင့်၊ ထနီးကျေးရွာ (ဘဏ္ဍာရေးမှူး)၊ ဦးမြင့်နိုင်၊ ထနီးကျေးရွာ(စာရင်းစစ်)၊ ဦးသက်နိုင်ဝင်း(စာရင်းစစ်)တို့ဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

သတင်း - အောင်ခိုင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)