လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး ဆောင်ရွက်ရန် အိမ်(၃၀၀)အတွက် အသုံးစရိတ်(၉၉)သိန်း ထောက်ပံ့ပေးအပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လေပြင်းဘေးကြိုတင်ပြင်ဆင်ရေး ဆောင်ရွက်ရန် အိမ်(၃၀၀)အတွက် အသုံးစရိတ်(၉၉)သိန်း ထောက်ပံ့ပေးအပ်

 





MNP - ဖေဖော်ဝါရီ     ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ပုသိမ်ခရိုင်၊သာပေါင်းမြို့နယ်တွင် လူမှုဝန်ထမ်းကယ်ဆယ်ရေး နှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာနမှ လေပြင်းဘေးကြိုတင်ပြင် ဆင်ရေး ဆောင်ရွက်ရန် အိမ်(၃၀၀)အတွက် ပြင်ဆင်အသုံးစရိတ် (၉၉) သိန်း ထောက်ပံ့ပေးအပ်ခြင်း ကို ယမန်နေ့ က ပြည်အေးခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဦးသိန်းဝင်းထွဋ်မှ လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေး ဆောင်ရွက်ရန်ထောက်ပံ့ ပေးအပ်ရခြင်းအစီအစဉ်များအား ရှင်းလင်းပြောကြားပြီး  သာပေါင်းမြို့နယ်အတွင်းရှိ စစ်ပင်ကြီး ကျေးရွာအုပ်စု၊‌ လေပြင်းဘေးပြင်ဆင်ရန်နေအိမ် (၆၀) အတွက်တစ်အိမ်(၃၀၀၀၀)ကျပ်နှင့်သယ်ယူ စရိတ်(၃၀၀၀)ကျပ်စီဖြင့်(၁၉၈၀၀၀၀)ကျပ်၊ ကျားရဲကျေးရွာအုပ်စု၊ လေပြင်း ဘေးပြင်ဆင်ရန် နေအိမ် (၆၀)အတွက်တစ်အိမ်(၃၀၀၀၀)ကျပ်နှင့်သယ်ယူစရိတ်(၃၀၀၀)ကျပ်စီဖြင့်(၁၉၈၀၀၀၀)ကျပ်၊ မီးသွေး တိုက်ကျေးရွာအုပ်စု၊လေပြင်း ဘေးပြင်ဆင်ရန်နေအိမ်(၆၀)အတွက်တစ်အိမ်(၃၀၀၀၀)ကျပ်နှင့်သယ်ယူစရိတ်(၃၀၀၀)ကျပ်စီဖြင့်(၁၉၈၀၀၀၀)ကျပ်၊ ဘုရားနီကျေးရွာအုပ်စု၊ လေပြင်းဘေး ပြင်ဆင်ရန်နေ အိမ် (၆၀)အတွက် တစ်အိမ်(၃၀၀၀၀)ကျပ်နှင့်သယ်ယူစရိတ်(၃၀၀၀)ကျပ်စီဖြင့် (၁၉၈၀၀၀၀)ကျပ်၊ ထန်းတပင်ကျေးရွာအုပ်စု၊လေပြင်းဘေး ပြင်ဆင်ရန်နေအိမ်(၆၀)အတွက် တစ်အိမ်(၃၀၀၀၀)ကျပ်နှင့် သယ်ယူစရိတ်(၃၀၀၀)ကျပ်စီဖြင့်(၁၉၈၀၀၀၀)ကျပ်၊‌ ကျေးရွာအုပ်စု(၅)အုပ်စု မှ အိမ်(၃၀၀)အတွက် စုစုပေါင်း(၉၉)သိန်းကျပ်တို့ကို သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများလက်ဝယ်သို့မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် ဧရာဝတီတိုင်း ဒေသကြီး၊ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းဝင်းထွဋ်တို့က လွှဲပြောင်းပေးအပ် ထောက်ပံ့ခဲ့ကြကြောင်း သိရသည်။

သတင်း - မျိုးဇော်သိန်း

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)