ဘူးသီးတောင်မြို့နယ် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝအထောက်အကူဖြစ်စေရန် လောင်းချောင်းကျေးရွာ၌ စတုတ္ထအကြိမ် မြစိမ်းရောင်ချေးငွေထုတ်ချေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဘူးသီးတောင်မြို့နယ် ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝအထောက်အကူဖြစ်စေရန် လောင်းချောင်းကျေးရွာ၌ စတုတ္ထအကြိမ် မြစိမ်းရောင်ချေးငွေထုတ်ချေး








MNP ၊ ဖေဖော်ဝါရီ ၁၈

 ရခိုင်ပြည်နယ် မောင်တောခရိုင် ဘူးသီးတောင်မြို့နယ်၌ကျေးလက်နေပြည်သူများလူမှု့စီးပွားဘဝအထောက်အပံ့ဖြစ်စေရန်အတွက်ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှမြို့နယ်ဦးစီးမှူးဦးထွန်းလှိုင်နှင့်ဝန်ထမ်းများကဘူးသီးတောင်မြို့နယ် လောင်းချောင်းကျေးရွာ၌ အိမ်တိုင်အရောက် စတုတ္ထအကြိမ် မြစိမ်းရောင်ချေးငွေ ထုတ်ချေးခြင်းကိုယနေ့နံနက်ပိုင်းက ကိုဗစ်- ၁၉လမ်းညွှန်ချက်များနှင့်အညီဆောင် ရွက်ခဲ့ကြသည်။


  ရှေဦးစွာ မြို့နယ်ဦးစီးမှူးဦးထွန်းလှိုင်က ကျေးလက်ဒေသဖွံဖြိုးရေးဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများအားလူမှုစီးပွားဘဝဖွံ့ဖြိုးစေရန်ရည်ရွယ်ပြီးမြစိမ်းရောင်ချေးငွေ ချေးပေးခြင်းမှာအရင်းမပျောက်လည်ပတ်ရံပုံငွေအဖြစ်ထုတ်ချေးပေးခြင်းဖြစ်ပြီး မိမိအိမ်တွင်းစီးပွားရေးအတွက်မိသားစုစီးပွားရေးလုပ်ငန်းဆောင်ရွက်ရာတွင် တပိုင်တနိုင်စီးပွားရေးဆောင်ရွက်ခြင်းဖြင့် စားဝတ်နေရေးအထောက်အပံ့ဖြစ်မည်ဖြစ်ပြီး အရင်းမပျောက်စေဘဲ စီးပွားရေးဆောင်ရွက်ကြရန်ရှင်းလင်းပြောကြားပြီးစိုက်ပျိုးတောင်သူများကလည်းယခုလို့ ကျေးရွာများသို့အိမ်တိုင်ရာရောက်ထုတ်ချေးပေးခြင်းဖြင့်မိမိတို့စိုက်ပျိုးရေး ၊မွေးမြူရေး၊ကုန်ရောင်း/ ကုန်ဝယ်လုပ်ကိုင်သူများအနေဖြင့်လည်းကျေးဇူးတင်ရှိပါကြောင်းနှင့်မိမိတို့အိမ်တွင်းစီးပွားရေးအဆင်ပြေအောင်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ပြီး မိမိတို့ကျေးရွာဖွံ့ဖြိုးအောင်ဝိုင်းဝန်းကြိုးစားဆောင်ရွက်သွားကြမည်ဖြစ်ကြောင်းပြောကြားပြောကြားကြသည်။


   အဆိုပါလောင်းချောင်းကျေးရွာတွင်အိမ်ထောင်စုပေါင်း( ၂၄၄)စုရှိပြီးစိုက်ပျိုးရေး ၊မွေးမြူရေး၊ကုန်ရောင်း/ ကုန်ဝယ်လုပ်ကိုင်သူစုစုပေါင်း( ၁၃၀)ဦးတို့အား မြစိမ်းရောင်ချေးငွေ ( ၃၇၂၀၀၀၀၀) သုံးရာခုနှစ်ဆယ်နှစ်သိန်းကျပ်ကို အိမ်တိုင်အရောက်ထုတ်ချေးပေးခဲ့ကြကြောင်းသိရသည်။


လှကျော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)