MNP - ဖေဖော်ဝါရီ ၁၇
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ နည်းပညာ၊ သက်မွေးပညာနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အစိုးရ နည်းပညာအထက်တန်းကျောင်း(ပင်လုံ)၌ တောင်သူများအား မြေယာလျော်ကြေးပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီက ကျောင်အုပ်ကြီးရုံးခန်းတွင် ကျင်းပသည်။
အဆိုပါ မြေယာလျော်ကြေးပေးအပ်ပွဲအခမ်းအနားသို့ လွိုင်လင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းထွဋ် တက် ရောက်၍ အမှာစကား ပြောကြားသည်။ ယင်းနောက် အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်လုံ) ကျောင်းအုပ်ကြီး ဦးစိန်ကျော်လှိုင်က မြေယာလျော်ကြေး ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ သိမ်းဆည်းခံလယ်ယာမြေများအတွက် မြေယာလျော်ကြေးပေးအပ်ပွဲအစီအစဉ်ကို ကျင်းပ ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသိန်းထွဋ်က တောင်သူ ဦးလုံးဆန်းဩ(ခ) ဦးမောင်နိုင် ၏ လယ် (၁.၄၈၉)ဧက အတွက် လျော်ကြေးငွေ (၂၂၃.၃၅)သိန်း ကိုလည်း ကောင်း၊ ကုန္န(ဦးလှဖေ) ၏ လယ် (၂.၆၃၁)ဧက အတွက် (၃၉၄.၆၅)သိန်း ၊ဦးအိုက်ခမ်း၏လယ်( ၃၈၆.၅၅) သိန်း၊ ဦးဩတ /ဦးနန္န၏ လယ်( ဝ.၄၉၇)ဧကအတွက် (၇၄.၅၅)သိန်း တို့ကိုပေးအပ်သည်။ ထို့နောက် အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်လုံ) ကျောင်းအုပ်ကြီး ကတောင်သူ ကိုငယ် ၏ လယ် (ဝ.၁၉၁)ဧက အတွက် လျော်ကြေးငွေ (၂၈.၆၅)သိန်း ၏လယ် (ဝ.၀၉၆)ယကအတွက် (၁၄.၄) သိန်း၊ ဦးကြည်အောင်(ဦးကြည်မောင်)၏လယ် (ဝ.၁၀၅) ဧကအတွက် (၁၅.၇၅) သိန်းနှင့် တောင်သူ ဦးခွန်ပန်၏ လယ်(ဝ.၂၁၅)ဧကအတွက် လျော်ကြေးငွေ (၃၂.၂၅) သိန်း တို့ကို အသီး သီးပေးအပ်ကြရာ တောင်သူများ ကိုယ်တိုင် လက်ခံရယူ ကြပြီးနောက် တောင်သူ ၃ ဦးတို့က ကျေးဇူးတင်စကားပြန်လည်ပြောကြားကာ အခမ်းအနားကို ရုတ်သိမ်းလိုက်ကြောင်း သိရသည်။
အစိုးရနည်းပညာအထက်တန်းကျောင်း(ပင်လုံ)ကို ၂၀၀၉ ခုနှစ်၊ မေလ ၅ ရက်တွင် လွိုင်လင် မြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် စတင် ဖွင့်လှစ်ခဲ့ပြီး လက်ရှိကျောင်းနေရာ အမှတ် (၄) ရပ်ကွက်အတွင်းရှိ ဇေယျာလမ်း၌ ၂၀၁၀ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့တွင် ပြောင်း ရွှေ့ဖွင့်လှစ်ခဲ့ကြောင်း သိရ သည်။
သတင်း - လွိုင်လင်မိုး
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment