MNP - ဖေဖော်ဝါရီ ၂၆
ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးဝန်ကြီး ဦးတင်ဦးသည် ကြို့ပင်ကောက်မြို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများနှင့် တွေ့ဆုံပွဲကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ စီးပွားရေးဝန်ကြီး ဦးတင်ဦးက လက်ရှိနိုင်ငံအတွင်း ဖြစ်ပေါ်နေသော ပကတိအခြေအနေများ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆောင်ရွက်ခဲ့သော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ရှင်းလင်းပြောကြားပြီး ကြို့ပင်ကောက်မြို့နယ်အတွင်း ဆောင်ရွက်ရမည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ မြို့သန့်ရှင်းသာယာလှပရေးနှင့် ရေရရှိရေး လုပ်ငန်းများကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများမှ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဖြစ်သော မြို့ရေးရရှိရေး လုပ်ငန်းများ၊ မြို့နယ်ခန်းမကြီး ပြန်လည်ပြုပြင်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ တင်ပြ ဆွေးနွေးခဲ့ကြရာ ဝန်ကြီးမှ ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။ အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ ခရိုင်နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သတင်း - ဇေယျာထွန်း
မြန်မာနေရှင်နယ်ပို့စ်
No comments:
Post a Comment