ပဲခူးမြို့တွင်း ပြည်သူ့အကျိုးပြု ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပဲခူးမြို့တွင်း ပြည်သူ့အကျိုးပြု ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ကွင်းဆင်းကြည့်ရှုစစ်ဆေး

 




MNP - ဖေဖော်ဝါရီ     ၂၀

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိ သူများ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့်အတူ ယနေ့ နံနက်ပိုင်းက ပဲခူးမြို့ တွင်း ပြည်သူ့အကျိုးပြု ဖွံ့ဖြိုးရေးလု်ပငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ သည်။

ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ခေါင်းဆေးကျွန်းကန်အား တိုင်းဒေသကြီးအစိုးရအဖွဲ့ ခွင့်ပြုရန်ပုံငွေကျပ် (၁၉.၈)သန်းဖြင့် ဒိုက်ပင် များ၊ ကိုင်းပင်များ၊ အမှိုက်များ ရှင်းလင်းခြင်းနှင့် ကန်ဆယ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ၊ တိုင်းဒေသကြီး ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကိုကိုဦးက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ မှုအပေါ် တိုင်းဒေသကြီး ဝန်ကြီးချုပ်က ပဲခူးမြို့အတွင်း ရန်ကုန်-မန္တလေးလမ်းကားလမ်း ရေကျော် ခြင်းနှင့် အနိမ့်ပိုင်းရပ်ကွက်များ အတွင်းသို့ ရေဝင်ရောက်ခြင်းမှ ကာကွယ်ရန် ရှေးဟောင်းသမိုင်းဝင် ခေါင်းဆေးကျွန်းကန်သည် အဓိကဖြစ်သည့်အတွက် ယခုအချိန်ကတည်းက ကန်ဆယ်ခြင်းနှင့် ရေစီး ရေလာကောင်းမွန်စေရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်ပေးရခြင်းဖြစ်၍ စနစ်တကျ အနီးကပ် ကြီးကြပ်ဆောင်ရွက်သွားရန်နှင့် လိုအပ်ချက်များရှိပါက ချက်ခြင်းတင်ပြပေးရန် တာဝန်ရှိသူမျာအား လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် ပြည်သူများ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် ဆောင်ရွက်လျက်ရှိသော ပဲခူးမြို့အတွင်း ရန်ကုန်-မန္တလေး လမ်းမကြီးအား လမ်းလယ်ကျွန်း လုပ်ဆောင်နေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများအား လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပဲခူးမြို့အတွင်း အဆင်မြှင့်တင်ဆောင် ရွက်ပေးလျက်ရှိသည့် ကျိုက်ပွန်ဘုရားလမ်း၊ ရပ်ကွက်ကြီး(၆)အတွင်းရှိ လမ်းများ၊ ရေနုတ်မြောင်း များနှင့် ပလပ်ဖောင်းများ တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ပြီး လမ်းပခုံးသား များ အမာခံရရှိသည်အထိ တစ်ပါတည်း စီစဉ်ဆောင်ရွက်သွားရန်၊ လမ်းနှင့် ရေနုတ်မြောင်းအား မြေပြင်အနိမ့်အမြင့် သေချာချိန်ညှိ၍ ရေစီးဆင်းမှု ကောင်းမွန်စေရေး ဆောင်ရွက်ကြရန်၊ အစိုးရမှ ဆောင်ရွက်ပေးထားသည့် လမ်းနှင့် ရေနုတ်မြောင်းများ ရေရှည်တည်တံ့ခိုင်မြဲစေရေး ထိန်းသိမ်း ဆောင်ရွက်နိုင်ရန် ရပ်ကွက်နေပြည်သူများအား စည်းရုံးဆောင်ရွက်သွားရန်နှင့် သတ်မှတ်စံချိန် စံညွှန်းနှင့် အညီ အချိန်မီပြီးစီးရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရှိရသည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပဲခူးမြို့၊ ရန်ကုန်-မန္တလေးလမ်းနှင့် အနောက်ဘက် မြို့ရှောင်လမ်းထိပ် လမ်းဆုံ၌ အများပြည်သူ အပန်းဖြေနိုင်စေရေး သန့်ရှင်းသပ်ရပ် လှပသော ပန်းခြံတည်ဆောက်မည့် မြေနေရာအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ရာ သတ်မှတ်ဒီဇိုင်းပုံစံ များအတိုင်း စနစ်တကျ တည်ဆောက်နိုင်ရေး တာဝန်ရှိသူအဆင့်ဆင့်မှ ကြီးကြပ်ဆောင်ရွက်သွား ရန်နှင့် ယာဉ်အန္တရာယ်/ လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက်ပါ ထည့်သွင်းစဉ်းစား ဆောင်ရွက်ကြ ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ပြီးနောက် ပဲခူးမြို့၊ ရှေးဟောင်းသမိုင်းဝင် ဟင်္သာကုန်း ဘုရား၌  ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဦးဆောင်၍ စေတနာရှင်ပြည်သူများနှင့် စုပေါင်းကာ ဓါတ်လှေကား တည်ဆောက်နေမှုနှင့် ဟံသာဝတီရှေးဟောင်းကျုံး ပြန်လည်အဆင့်မြှင့်တင်နိုင်ရေး တူးဖော်နေမှုတို့အား သတင်းရရှိသည်။

သတင်း - ဝဏ္ဏမောင်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)