(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွှေဘိုမြို့တွင်း အထူးသန့်ရှင်းရေး စုပေါင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရွှေဘိုမြို့တွင်း အထူးသန့်ရှင်းရေး စုပေါင်းဆောင်ရွက်

MNP - ဖေဖော်ဝါရီ    ၅ 

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ အမှတ်(၁၀)ရပ်ကွက်၊ ပေါ်ဦးလမ်း၊ တံတားနက်အနီးတွင် ယနေ့ နံနက ၇ နာရီအချိန်က (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရွှေဘိုမြို့တွင်း အထူးသန့်ရှင်းရေး စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စုပေါင်းသန့်ရှင်းရေးနှင့်ပတ်သက်ပြီး ရွှေဘိုမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မျိုးဝင်း က ယခင်ကလည်း အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်ခဲ့ကြောင်း၊ ယခုတစ်ပတ်စနေကတော့ (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အထူးသန့်ရှင်းရေးကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး ရွှေဘိုမြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးသန်းဦး က သန့်ရှင်းရေးနှင့်ပတ်သက်ပြီး အထူး သန့်ရှင်းရေးဆိုတဲ့အတိုင်း ယခင်လို အမှိုက်ကောက်တာမျိုးမဟုတ်ပဲ ပေါ်ဦးလမ်းဘေး ဝဲ/ယာချုံများကို ခုတ်ထွင်ရှင်းလင်းမီးပြီး စနစ်တကျ မီးရှိုခြင်း၊ တံတားအဆင်းလမ်း လမ်းအူကြောင်းချဲ့ထွင်ပေးခြင်းများကို ဌာန ဆိုင်ရာဝန်ထမ်းများ၊ ပရဟိတအသင်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယနေ့သန့်ရှင်းရေးကို ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရွှေဘိုမြို့ပေါ် ပရဟိတအသင်းများ စုစုပေါင်း လူဦးရေ ၁၅၀ ခန့် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သတင်း - စိုးသီဟ

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)