မင်းဘူး(စကု)မြို့နယ်၌ သံဃာ့အဖွဲ့အစည်း အနားယူ/အစားထိုးရွေးချယ်ပွဲ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မင်းဘူး(စကု)မြို့နယ်၌ သံဃာ့အဖွဲ့အစည်း အနားယူ/အစားထိုးရွေးချယ်ပွဲ အခမ်းအနား ကျင်းပ



MNP - ဖေဖော်ဝါရီ    ၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ မြို့နယ်သံဃာ့အဖွဲ့အစည်း အဆင့်ဆင့် အနားယူ/အစားထိုး ရွေးချယ်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မင်းဘူးမြို့ ရှင်ပင်စက္ကိတဲစေတီတော်ရှိ ရတနာသုခဓမ္မာရုံ၌ သံဃာအဖွဲ့အစည်း အခြေခံ စည်းမျဉ်းများနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်၍ ရွေးချယ်မှု ကြီးကြပ်ရေးအဖွဲ့ သဘာပတိ ဆရာတော် ဘဒ္ဒန္တပညာသီရိမှ အဖွင့်ဩဝါဒကထာ မြွက်ကြားခဲ့ပြီး အခမ်းအနားမှူး ဆရာတော်ဘဒ္ဒန္တက္ကုန္ဒာစရိယမှ မြို့နယ်သံဃာ့ အဖွဲ့အစည်းအဆင့်ဆင့် ရွေးချယ် ရခြင်းနှင့်စပ်လျဉ်းပြီး ရှင်းလင်းလျှောက်ထားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦတင်မြင့်မှ သာသနာရေးဆိုင်ရာ ကိစ္စရပ်များနှင့် ရွေးချယ်ပွဲ အောင်စွာကျင်းပနိုင်ရေး နှင့်ပတ်သက်၍ ရှင်းလင်း လျှောက်ထားတင်ပြခဲ့ပြီး ရွေးချယ်မှု ကြီးကြပ်ရေးအဖွဲ့ သဘာပတိဆရာတော် ဘဒ္ဒန္တ ပညာသီရိ အမှူးပြုသော ဆရာတော်ကြီးလေးပါးအား လှူဖွယ်ဝတ္ထုများ ဆက်ကပ် လှူဒါန်းခဲ့သည်။

ဆက်လက်၍ မြို့နယ်သံဃနာယကအဖွဲ့ အနားယူ/ရွေးချယ်ပွဲကို ဆန္ဒပေးပိုင်ခွင့်ရှိသူ ဆရာ တော်ကြီးများမှ  အနားယူသွားသော ဆရာတော်ကြီး (၆)ပါးနေရာတွင် သံဃာအဖွဲ့အစည်း အခြေခံ စည်းမျဉ်းများနှင့်အညီ အစားထိုးရွေးချယ်ခဲ့ပြီး မြို့နယ်သံဃနာယက အဖွဲ့ကို ရွေးချယ်ဖွဲ့စည်းခဲ့ရာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌအဖြစ် ဆရာတော် ဦးပုည (သာသနဝေပုလ္လ၊ မှန်ကင်းကျောင်းတိုက်)၊ ဒုတိယဥက္ကဌအဖြစ် ဆရာတော် ဦးသုဇာတ (မန်းကောက်ကျောင်းတိုက်)၊ အကျိုးတော်ဆောင်အဖြစ် ဆရာတော် ဦးသုဇန (မှန်ကင်းစာသင်တိုက်)၊ တွဲဖက်အကျိုးတော်ဆောင်အဖြစ် ဆရာတော် ဦးသုဇန (အောင်သုခကျောင်းတိုက်)နှင့် အဖွဲ့ဝင်ဆရာတော် (၇)ပါး၊ စုစုပေါင်း ဆရာတော်ကြီး (၁၁)ပါးဖြင့် ရွေချယ်ဖွဲ့စည်းခဲ့သည်။

အဆိုပါ မြို့နယ်သံဃနာယကအဖွဲ့ အစားထိုးရွေးချယ်ပွဲအခမ်းအနားသို့ ကြီးကြပ်ရေးအဖွဲ့ ဆရာတော်ကြီးများနှင့် တက်ရောက် ခွင့်ရှိသော သံဃာအပါး (၉၀)ရှိပြီး ကိုယ်တိုင် တက်ရောက်သံဃာ (၇၂)ပါးနှင့် ဆန္ဒပေးတက်ရောက် သံဃာ(၁၁)ပါးနှင့် မြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သာသနာရေး ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သတင်း - မောင်မောင်

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)