တာချီလိတ်မြို့၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တာချီလိတ်မြို့၌ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ




MNP - ဖေဖော်ဝါရီ    ၂၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်ခရိုင်၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က မိုင်းယောင်းမြို့နယ်အား ခရိုင်အဆင့် တိုးမြှင့်ဖွင့်လှစ်ရန် ပြင်ဆင်ဆောင်ရွက်နေမှုနှင့် ဒေသဖွံ့ဖြိုးရေးလမ်း၊ တံတားများ ဆောင်ရွက်ပေးမည့် အခြေအနေတို့နှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး  အစည်းအဝေးတက်ရောက်လာကြသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ၂၀၂၁-၂၀၂၂ဘဏ္ဍာနှစ်၊ (၆)လအတွင်း လမ်း၊ တံတား၊ အဆောက်အအုံနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှု၊  ထိုင်း-မြန်မာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးဆောင်ရွက်နေမှု၊ အခွန်ငွေများ ကောက်ခံရရှိမှု၊ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ပြီးစီးမှု၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးစီးမှုနှင့် ဆက်လက်ထိုးနှံပေးရန် စီစဉ်ဆောင်ရွက်ထားရှိမှု၊ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် မြန်မာနိုင်ငံသားများအား  Quarantine ထားရှိရေး၊ မိုင်းယောင်းမြို့တွင် ခရိုင်စုပေါင်းရုံးနှင့် ဝန်ထမ်းအိမ်ရာ တည်ဆောက်နိုင်ရေးနှင့် လာအို-မြန်မာ တံတားပြန်လည် ဖွင့်လှစ်ရေးတို့နှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ဌာနဆိုင်ရာများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်း စပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး  ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုထိန်းချုပ်ရေး၊ Quarantine Center များ စနစ်ပြင် ဆင်ဆောင်ရွက်ထားရှိရေးနှင့် တရားမဝင်နယ်စပ်ဖြတ်ကျော် သွားလာမှုမရှိစေရေး တာဝန်ရှိသူတို့က ဝိုင်း ဝန်းကာကွယ်တားဆီးရေးတို့ကို ဆွေးနွေးမှာကြားခဲ့ကြောင်း သိရသည်။

သတင်း - သန်းဇော်

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)