ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ပေးအပ်ချီးမြှင့်နိုင်ရေး ပဏာမစိစစ်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ပေးအပ်ချီးမြှင့်နိုင်ရေး ပဏာမစိစစ်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့တက်ရောက်

 


MNP - ဖေဖော်ဝါရီ     ၄

၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် ချင်းအမျိုးသားနေ့ အခမ်းအ နားတွင် ချင်းပြည်နယ်အစိုးရအဖွဲ့၏ ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ပေးအပ် ချီး မြှင့်နိုင်ရေး ပဏာမစိစစ်နိုင်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းတည့် ၁၂ နာရီက ဟားခါးမြို့ ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင်က ချင်းပြည်နယ်အစိုးအရအဖွဲ့အနေဖြင့် စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု၊ လယ်ယာစီးပွားရေးဆိုင်ရာထူးချွန်ဆု၊ လူမှုရေးဆိုင်ရာ ထူးချွန်ဆုများ ပေးအပ် ချီးမြှင့်နိုင်ရေးအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့ ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများ ချီးမြှင့်အပ်နှင်းခြင်းဆိုင်ရာပဏာမ စိစစ်ရေးကော်မတီကို ဖွဲ့စည်းပေးခဲ့ပါကြောင်း၊ စီမံခန့်ခွဲရေးကဏ္ဍ၊ လယ် ယာကဏ္ဍနှင့် လူမှုရေးကဏ္ဍများတွင် ချင်းပြည်နယ်၏ ဂုဏ်ကိုမြှင့်တင်ပြီး ချင်းပြည်နယ်အတွက် စွမ်းစွမ်းတမံ ဆောင်ရွက်သည့်ဝန်ထမ်းများနှင့် ပုဂ္ဂိုလ်များအား ထူးချွန်ဆုများ ချီးမြှင့်နိုင်ရေးအတွက် ဘက်လိုက်မှုမရှိဘဲ စနစ်တကျ စိစစ်ရွေးချယ်ပေးကြစေလိုကြောင်း အမှာစကားပြောကြားသည်။

ထို့နောက် ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးမှ ညွှန်ကြားရေးမှူး ဦးမင်းအောင်က စီမံခန့်ခွဲရေးဆိုင်ရာ ထူး ချွန်ဆု၊ လယ်ယာစီးပွားရေးဆိုင်ရာ ထူးချွန်ဆုနှင့် လူမှုရေးဆိုင်ရာထူးချွန်ဆုများ ပေးအပ်ချီးမြှင့်နိုင်ရေးနှင့် စပ်လျဉ်း၍ စိစစ်ဆောင်ရွက်ရမည့် သတ်မှတ်ချက်များနှင့် ဂုဏ်ထူးဆောင်လက်မှတ်များ၊ ဂုဏ်ထူးဆောင်ဆု ပစ္စည်းများ ချီးမြှင့်အပ်နှင်းနိုင်ရေးအတွက် ဆုတံဆိပ်တင်ပြလျှောက်ထားမှုအခြေအနေများကို ရှင်းလင်းတင် ပြပြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဟန်ဝင်းအောင်၊ စီးပွားရေးရာဝန်ကြီး ဦးဟန်ကျင့်ဇမ်း နှင့် သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းတို့က အကြံပြုဖြည့်စွက်ဆွေးနွေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

www.mnpnewsagency.com

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)