ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးရန်အတွက် ပျိုးပင်ပေါင်း တစ်သိန်းခွဲကျော် ပျိုးထောင်ထားရှိ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၂ ခုနှစ် မိုးရာသီတွင် စိုက်ပျိုးရန်အတွက် ပျိုးပင်ပေါင်း တစ်သိန်းခွဲကျော် ပျိုးထောင်ထားရှိ


MNP - ဖေဖော်ဝါရီ    ၂၇

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာနမှ ယခု ၂၀၂၁  - ၂၀၂၂ ခုနှစ်၊ မိုးရာသီတွင် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရေး၊ သဘာဝတောများ ကောင်းမွန်စေရေးနှင့် သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့ရသည့် သဘာဝဘေးအန္တရာယ်နှင့် ရာသီဥတု အပူဒဏ် ကာကွယ်နိုင်ရေးအတွက် စိုက်ပျိုးရန် ပျိုးပင်ပေါင်း တစ်သိန်းခွဲကျော် ပျိုးထောင်ထားရှိပြီးဖြစ်ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် နှစ်စဉ် မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြည်စေရန် သစ်တောပြုန်းတီးမှုကြောင့် ကြုံတွေ့ရသည့် ရာသီဥတုပြောင်းလဲမှု ဂေဟစနစ်များ မျှတကောင်းမွန်စေရန်၊ ရေတိုက်စားမှုကြောင့် ပျက်စီးဆုံးရှုံးသည့် သဘာဝတောများ ပြန်လည် ကောင်းမွန်စေရန် ရည်ရွယ်၍ ယူကလစ်၊ ကျွန်း၊ ကံ့ကော်၊ ရှား၊ တမာ၊ ဝါး၊ မဲဇလီ၊ ကုက္ကို၊ ရေတမာ၊ ခရေ၊ ပိန္နဲ၊ ကဗွီး၊ မန်ဂျန်ရှား စသည့် အရိပ်ရပျိုးပင်များကို ပြုစုပျိုးထောင်၍ အကောင်အထည်ဖော် စိုက်ပျိုးဆောင်ရွက်လျက်ရှိသည်။ ထို့အပြင် ကျေးလက်ဒေသစိမ်းလန်းစိုပြည်စေရေးအတွက် အရိပ်ရပျိုးပင်များ အခမဲ့ ဖြန့်ဝေပေးခြင်း၊ ကျေးရွာနေပြည်သူများနှင့် ပူးပေါင်းကာ ဒေသခံ ပြည်သူများ အစုအဖွဲ့ပိုင် သစ်တောစိုက်ခင်းများ တည်ထောင်စိုက်ပျိုးခြင်း၊ မုန်းချောင်းကမ်းပါးပြိုကာကွယ်ရေး ဗာတီဗာမြက်မျိုးများ စိုက်ပျိုးခြင်း၊ သဘာဝဘေးကြောင့် ပျက်စီးသည့် သစ်တောသစ်ပင်များ ကောင်းမွန်ရေးအတွက် ရေဝေရေလဲစိုက်ခင်းများ အကောင်အထည်ဖော် စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။

ယခု ၂၀၂၁-၂၀၂၂ ခုနှစ် မိုးရာသီတွင်လည်း မြို့နယ်အတွင်း သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး အတွက် အကောင်အထည်ဖော် စိုက်ပျိုးရန် လူထုဖြန့်အနေဖြင့် ကျွန်း၊ ယူကလစ်၊ ဝါး၊ ခရေ၊ တမာ၊ မဲဇလီ၊ သစ်စိမ့်၊ စိန်ပန်း၊ မြန်မာကုက္ကို စသည့် အရိပ်ရပျိုးပင်ပေါင်း လေးသောင်း၊ ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောစိုက်ခင်း(၇၂၇)ဧက တည်ထောင်စိုက်ပျိုးရန် ယူကလစ်၊ ကျွန်း၊ လျှော်ဖြူ စသည့် အရိပ်ရ ပျိုးပင်ပေါင်း ၁၀၉၀၅၀ ပင်၊ ရေဝေရေလဲစိုက်ခင်းဧက(၃၀) စိုက်ပျိုးရန်အတွက် ဇီး၊ ဇီးဖြူ၊ သစ်စိမ့် စသည့် အရိပ်ရပျိုးပင် ၇၂၀၀ ပင်၊ စုစုပေါင်း အရိပ်ရပျိုးပင် ၁၅၆၂၅၀ အား အကောင်အထည်ဖော် စိုက်ပျိုးရန်အတွက် ပြုစုပျိုးထောင်ထားရှိပြီးဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မော်က ပြောကြားသည်။  

သတင်း - ရဲဝင်းနိုင် 

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)