ညောင်ဦးမြို့နယ် မောက်စကုန်းတိုက်နှင့်ရွာလှကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ အေးမေတ္တာရေအလှူတော်အသင်းက သောက်သုံး ရေ ၁၆၀၀ဂါလံလှူဒါန်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ညောင်ဦးမြို့နယ် မောက်စကုန်းတိုက်နှင့်ရွာလှကျေးရွာ ဘုန်းတော်ကြီးကျောင်းသို့ အေးမေတ္တာရေအလှူတော်အသင်းက သောက်သုံး ရေ ၁၆၀၀ဂါလံလှူဒါန်း

       

MNP - ဖေဖော်ဝါရီ     ၄

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် တောင်ဇင်းတိုက်နယ်ရှိ မောက်စကုန်းတဲတိုက်နှင့် ရွာလှကျေးရွာဘုန်းတော်ကြီးကျောင်းသို့ အေးမေတ္တာရေအလှူတော်အသင်းက ဖေဖော်ဝါရီ ၄ရက်၊ နံနက် ၈နာရီအချိန်က သောက်သုံးရေ ရေဂါလံ ၁၆၀၀ လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

ညောင်ဦးမြို့နယ်ရှိ အေးမေတ္တာရေအလှူတော်အသင်းသည် သောက်သုံးရေခက်ခဲ သည့် ညောင်ဦးမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများ၊ ကျေးရွာများ၊တဲတိုက်များကို နှစ်စဉ် နှစ်တိုင်း နွေ၊မိုး၊ဆောင်း ရေခက်ခဲသည့်ကျေးရွာများကို သောက်သုံးရေလှူဒါန်းနေသည့် ရေအလှူတော်အသင်းဖြစ်ကြောင်း၊ ညောင်ဦးမြို့နယ်တွင် သောက်သုံးရေအင်မတန်ခက် ခဲသည့်ကျေးရွာ၊တဲတိုက်အမြောက်အများရှိနေသေးပြီး သောက်သုံးရေကိုလှူဒါန်းမှုမှရယူ သုံးစွဲကြခြင်း၊ စုပေါင်းဝယ်ယူသုံးစွဲကြခြင်းများဖြင့် သောက်သုံးရေအားဖြေရှင်းကြရ ကြောင်း မောက်စကုန်းတဲတိုက်မှဦးတင်ထွန်းထံကသိရသည်။

ညောင်ဦးမြို့နယ်အတွင်းရှိကျေးရွာအများစုသည် မြေသားရေလှောင်ကန်များကိုမှီ ခိုအားထားနေရပြီး မိုးဥတုမိုးရွာသွန်းချိန် မြေသားရေလှောင်ကန်များ ရေဝင်ရောက်မှုရှိမ ရှိကန်ဘောင်ပေါ်တက်ကြည့်ရသည်မှာလည်း အမောတကောပင်ဖြစ်ရကြောင်း၊ မြေသား မိုးရေလှောင်ကန်များရေဝင်ရောက်ပါက အထိုက်အလျှောက် သောက်ရေ၊သုံးရေဖြေရှင်း ပေးနိုင်ကြောင်းလည်းသိရကာ ညောင်ဦးမြို့နယ်တွင် အဝီစိတွင်း၊စက်ရေးတွင်းမရှိသေး သည့် တဲတိုက်အများအပြားကျန်ရှိနေသေးကြောင်းသိရပြီး ယခုသောက်သုံးရေလှူဒါန်းမှု သည်လည်း ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုကလှူဒါန်းခြင်းဖြစ်ကြောင်းသိရသည်။

သတင်း - ကိုထိန်

https://t.me/MyanmarNationalPost

www.mnpnewsagency.com


No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)