မော်လိုက်မြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မော်လိုက်မြို့၌ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေး


MNP - ဖေဖော်ဝါရီ     ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ် (၂)ကြိမ်ထိုးနှံပြီး (၆)လ အထက် ပြည့်ပြီးသူများဖြစ်သည့် ဌာနဆိုင်ရာဝန်ထမ်းများအား Booster Dose ထပ်ဆောင်းထိုးနှံပေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့တော်ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးရာတွင် ဆေးလာရောက် ထိုးနှံသူများအား မြို့နယ်ထွေ/ အုပ်ဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်းများက စာရင်းမှတ်တမ်း ရေးသွင်းခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်းနှင့် သွေးအတွင်း အောက်ဆီဂျင် တိုင်းတာခြင်းများကို ဆောင်ရွက်ပေးခဲ့ကြပြီး စိတ်ချရသူများအား ခရိုင်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကျော်စိုး ဦးဆောင်သည့် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို စနစ်တကျ ထိုးနှံပေးခဲ့ကြသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထပ်ဆောင်းထိုးနှံပေးရာတွင် ယနေ့တွင် ခရိုင်အဆင့် ဌာနဆိုင်ရာဝန်ထမ်း (၁၈၄)ဦးတို့ကို ထိုးနှံပေးနိုင်ခဲ့ပြီး ဖေဖော်ဝါရီလ (၂၀)ရက်နေ့တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများကို ဆက်လက်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မော်လိုက်မြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Booster Dose ထပ်ဆောင်းထိုးနှံပေးရာသို့ ခရိုင်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်၊ မြို့နယ်ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းနှင့် ခရိုင်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကျော်စိုးတို့က လိုက်လံကြည့်ရှုခဲ့ကြပြီး ဆေးလာရောက် ထိုးနှံကြသည့် ဌာနဆိုင်ရာဝန်ထမ်းများနှင့် တွေ့ဆုံကာ ရင်းရင်းနှီးနှီး အားပေးစကားပြောကြားကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်း - မော်လိုက်သားလေး

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)