မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ အနားယူ အစားထိုးရွေးချယ်ခြင်းဆိုင်ရာ အခမ်းအနား ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ အနားယူ အစားထိုးရွေးချယ်ခြင်းဆိုင်ရာ အခမ်းအနား ကျင်းပ


MNP - ဖေဖော်ဝါရီ     ၂၄

မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ အနားယူ အစားထိုးရွေးချယ်ခြင်းဆိုင်ရာ အခမ်းအနားကို ယမန်နေ့မနက်(၁၀)နာရီအချိန်က မကွေးမြို့၊ အောင်မြေရတနာကျောင်းတိုက် တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နောက် သဘာပတိဆရာတော် နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ ဘဒ္ဒန္တဥတ္တရ (အဂ္ဂမဟာပဏ္ဍိတ)မှ အဖွင့်ဩဝါဒစကားမွတ်ကြားခဲ့ပြီး အခမ်းအနားမှူးဆရာတော် ဘဒ္ဒန္တ ပဏ္ဍိတသာရမှ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ အနားယူအစားထိုးရွေးချယ်ခြင်းဆိုင်ရာ အခမ်းအနားနှင့် ပတ်သက်၍ ရှင်းလင်း လျှောက်ထားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်က သာသနာရေးရာများအား လျှောက်ထားခဲ့ပြီး တိုင်းဒေသကြီးသာသနာရေးမှူး ဦးသန်းစိုးက တိုင်းဒေသကြီးသံဃနာယကအဖွဲ့ အနားယူ အစားထိုးရွေးချယ်ခြင်းနှင့်ပတ်သက်သည့် ‌ဒေသ ဆိုင်ရာ ကတိကဝတ်များအား အသိပေးလျှောက်ထားခဲ့ပြီး တိုင်းဒေသကြီးသံဃနာယကမှ အနား ယူသွားသည့် ဆရာတော်ကြီး (၆)ပါးစာရင်းအား ဖတ်ကြားတင်သွင်းခဲ့ပြီး စလင်းမြို့ မဟာသုခိတ ရာမတိုက် ဆရာတော် ဘဒ္ဒန္တကုမာရက တိုင်းဒေသကြီး သံဃနာယကနှင့် ဥက္ကဋ္ဌဆရာတော် နေရာ လစ်လပ်နေရာများ အစားထိုးရွေးချယ်နိုင်ရေး အဆို တင်သွင်းခဲ့ပြီး သဘာပတိ ဆရာတော်မှ အစားထိုး ရွေးချယ်ခံရသည့် ဆရာတော်(၆)ပါး၏ ဘွဲ့အမည်စာရင်း ကြေငြာကာ သာဓုသုံးကြိမ် ရွတ်ဆို၍ သံဃာ့ဆန္ဒရယူအတည်ပြုရယူခဲ့ကြောင်း သိရသည်။

ထို့နောက် သဘာပတိဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဘဒ္ဒန္တဥတ္တရ (အဂ္ဂမဟာပဏ္ဍိတ)က နိဂုံးချုပ်ဩဝါဒစကားမွတ်ကြားခဲ့ပြီး ဗုဒ္ဓသာသနံ စိရံ တိဌတု သုံးကြိမ် ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းသိရသည်။

မကွေးတိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဌအနေဖြင့် မကွေးမြို့ အောင်မြေရတနာ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုမနနှင့် ဒုတိယ ဥက္ကဋ္ဌအနေဖြင့် ပခုက္ကူမြို့ မဟာဝိဇယာရာမ (အရှေ့တိုက်) ဆရာတော် ဘဒ္ဒန္တဇောတိကတို့အား ရွေးချယ်ခဲ့ကြောင်း သိရသည်။

သတင်း - ကိုစည်သူ

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)