တောင်ကုတ်မြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေးအသိပညာပေးဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကုတ်မြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကာကွယ်ရေးအသိပညာပေးဆောင်ရွက်




MNP ၊ ဖေဖော်ဝါရီ ၂၃

 ရခိုင်ပြည်နယ် သံတွဲခရိုင် တောင်ကုတ်မြို့ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများက ကိုဗစ်-၁၉ မျိုးကွဲသစ်အိုမီခရွန်ရောဂါကာကွယ် ရေး အသိပ ညာပေးနှိုးဆော်ခြင်းကို ယနေ့နံနက်က  မြို့ပေါ်ရပ်ကွက် လမ်းဆုံလမ်းခွများအတွင်း လှည့်လည်အသိပညာပေးဆောင်ရွက်ခဲ့ ကြကြောင်း သိ ရသည်။

ထိုသို့အသိပညာပေးဆောင်ရွက်ရာတွင် ကိုဗစ်- ၁၉ ရောဂါကူးစက်ပြန့်ပွားမှုနှုန်း လျော့နည်းကျဆင်းမှု ရှိပြီး ကိုဗစ် -၁၉မျိုရိုးဗီဇပြောင်းမျိုးကွဲသစ်အိုမီခရွန်ရောဂါပိုးသည်  မိမိတို့ပြည်နယ်တွင် စတင်ကူးစက်လာပြီဖြစ်သည့် အတွက် ပြည်သူများအနေဖြင့် တတ်နိုင်သမျှ အိမ်မှာနေကြရန်၊ မဖြစ်မနေ အပြင် ထွက်ရပါက ပါးစပ်နှင့်နှာခေါင်းစည်း(Mask) ကို စနစ္တက် တပ်ဆင်၍ အပြင်ထွက်ကြရန်၊ လက်ကို မ ကြာခဏ ဆပ်ပြာနှင့် စက္ကန့် (၂၀)ကြာ ဆေးကြောကြရန်၊ လူထူထပ်သောနေရာများသို့ သွားရောက်ခြင်းမှ ရှောင် ကြဉ်ကြရန်၊ ဈေးရောင်းဈေးဝယ်များ Mask တပ်ဆင်ရောင်းချရန်၊စားသောက်များကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသောစည်းကမ်းချက်များအတိုင်းစီစဉ်ရောင်းချကြရန်နှင့်ကာကွယ် ဆေး များကိုလည်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လွှမ်းခြုံမှုအပြည့်အဝရရှိစေရန်ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ မိဘပြည်သူ များအနေဖြင့် မပျက်မကွက်အကြိမ်အရေ အတွက်ပြည့်ဝစွာ ထိုးနှံကြပါရန် စသည့်အချက်များအားအသိပညာပေးနှိုးဆော်ဆောင် ရွက်ခဲ့ကြကြောင်းသိရသည်။ 


သတင်း - စန်းဝင်း

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)