ယူကရိန်းကို မကျူးဘူးဆိုရင် ပူတင်နဲ့ မျက်နှာချင်းဆိုင်ထိုင်ပြီး စကားတွေ ပြောမယ် လို့ ဘိုင်ဒန်ပြော - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ယူကရိန်းကို မကျူးဘူးဆိုရင် ပူတင်နဲ့ မျက်နှာချင်းဆိုင်ထိုင်ပြီး စကားတွေ ပြောမယ် လို့ ဘိုင်ဒန်ပြော


နီယို ( ဖေ ၂၁ )

ရုရှားက သာ ယူကရိန်းကို မကျူးကျော်ဘူး ဆိုရင် လာမယ့် တနင်္ဂနွေမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ရုရှားသမ္မတ ဗလာဒီမာပူတင်ကို တွေ့ဆုံပြီး ထိပ်သီးချင်းဆွေးနွေးပွဲ ပြုလုပ်သွားဖွယ်ရာရှိနေတယ်လို့ အိမ်ဖြူတော်အသိုင်းအဝိုင်းက သတင်းစကားထွက်လာပါတယ်။


အရင်ဆုံး ရုရှားဖက်ကသာ ယူကရိန်းကို မကျူးကျော်ပါဘူးဆိုတဲ့ ကတိစကားကို ရပါက ဘိုင်ဒန်က မော်စကိုကိုလာပြီး ပူတင်နဲ့ တွေ့ဆုံမယ်လို့ ဆိုထားကြောင်းသတင်းစကားထွက်လာတာပါ။


“ သမ္မတကြီးကိုယ်တိုင် မကြာခဏပြောတာပါ။ သူ့အနေနဲ့ သံတမန်ရေးရာ စကားပြောတဲ့ ကိစ္စကို စိတ်ဝင် စားပါတယ်။ ရုရှားဖက်ကသာ သူ့အိမ်နီးချင်းကို မကျူးကျော်ဖို့ က အရေးကြီးပါတယ်”လို့ အိမ်ဖြူတော် ပြန်ကြားရေး အရာရှိ ဂျန်ပီဆာကီက ဆိုပါတယ်။


လာမယ့် ကြာသပတေးနေ့မှာ ပြင်သစ်သမ္မတ မာခွန် လုပ်တဲ့ပွဲကို အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး  အန်တိုနီဘလင်ကင်နဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီလာရောဗ် တို့ တက်ရောက်ကြမှာ ဖြစ်ပါတယ်။


 “ ကျနော်တို့ကတော့ ဒစ်ပလိုမေစီ လမ်းကြောင်း ကို ဘယ်တော့မှ စွန့် မှာမဟုတ်ပါဘူး ။ တကယ်လို့ ရုရှားက စစ်ကိုရွေးချင်တယ်ဆိုရင်လည်း မတားပါဘူး ။ သူတို့ ထက်ပိုဆိုးတဲ့ တုန့်ပြန်မှုတွေနဲ့ ရင်ဆိုင်သွားမှာပါ။ လက်ရှိအနေအထားကလည်း ရုရှားက ယူကရိန်းကို အဖက်ဖက်ကနေ ထိုးစစ်ဆင်ဖို့လုပ်နေပါတယ်။ အဲ့ဒိအတွက်လည်း ကျနော်တို့ ဖက်က ရယ်ဒီပါပဲ” လို့ အိမ်ဖြူတော် အရာရှိက ဆိုပါတယ်။


ပြင်သစ်သမ္မတရုံးကတော့ အမေရိကန်- ရုရှား နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ ဆုံလို့ရအောင် သူတို့ စီစဉ်ပေးမယ်။ ပွဲ ဖြစ်တယ်ဆိုရင် သမ္မတ အချင်းချင်း တွေ့နိုင်အောင် လုပ်ပေးဦးမယ်လို့ ဆိုထားပါတယ်။


အဲ့ဒိတွေ့ ဆုံမှုတွေ မပြီးမချင်း ယူကရိန်းကို မကျူးကျော်ဖို့ အတွက် ရုရှားဖက်ကို တောင်ဆိုးမှုတွေ လုပ်ထားတယ်လို့ ပြင်သစ်ဖက်က ဆိုထားပါတယ်။


REF: UPI  Photo : UPI

မြန်မာနေရှင်နယ်ပို့စ် 

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)