ကချင်ပြည်နယ် ပြန်လည်ထူထောင်ရေးစခန်း (မြစ်ကြီးနား)၌ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးသင်တန်းဆင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကချင်ပြည်နယ် ပြန်လည်ထူထောင်ရေးစခန်း (မြစ်ကြီးနား)၌ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးသင်တန်းဆင်း


MNP - ဖေဖော်ဝါရီ    ၂၈   

ကချင်ပြည်နယ် ပြန်လည်ထူထောင်ရေးစခန်း (မြစ်ကြီးနား)၌ မူးယစ်ဆေး ဖြတ်ပြီးသူများအတွက် စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်း (၂/၂၀၂၂) သင်တန်းဆင်းပွဲကို ယနေ့ နံနက် ၉ နာရီအချိန်တွင် မြစ်ကြီးနားမြို့ လယ်ကုန်ရပ်ကွက်ရှိ အဆိုပါစခန်း သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သင်တန်းဆင်းပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက သင်တန်းသားများအနေဖြင့် အမှားကိုသိပြီး အမှန်ပြုပြင်ခဲ့ကြသည့် သူများဖြစ်၍ အားငယ်စရာမလိုဘဲ ဘဝကို အကောင်းဆုံးနှင့် အခက်အခဲများကို ကျော်ဖြတ်နိုင်ပြီး အောင်မြင်မှုရရှိအောင် လုပ်ဆောင်သွားရမည်ဖြစ်ပါကြောင်းနှင့် မိမိတို့အနေဖြင့်လည်း တိုင်းပြည်၏ သားကောင်းများ နစ်နာဆုံးရှုံးမှုမရှိစေရေး၊ မူးယစ်ဆေးဝါး သုံးစွဲသူများကို ပစ်ပယ်မထားဘဲ လမ်းမှန်ပေါ်သို့ ပြန်လည်ပြုပြင် ဆောင်ရွက်ပေးကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ မြစ်ကြီးနားစခန်းတာဝန်ခံက ဦးမုန်လင်းဂမ်က စခန်းအခြေပြု ပြန်လည်ထူထောင်ရေးသင်တန်း ဖြစ်မြောက်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ခဲ့ကြသော ဌာနဆိုင်ရာများအား ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး ပြည်နယ်ဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သင်တန်းဆင်းလက်မှတ်များကို သင်တန်းသား ၂၀ ဦးတို့ထံ ပေးအပ်ခဲ့ကြသည်။

မြစ်ကြီးနား ပြန်လည်ထူထောင်ရေးစခန်း၏ ယခုသင်တန်းအမှတ် (၂/၂၀၂၂)ကို သင်တန်း သား ၂၀ ဦးတို့အား ၁.၁၂.၂၀၂၁ ရက်မှ ၂၈.၂.၂၀၂၂ ရက်နေ့အထိ သင်တန်းကာ ၃ လအတွင်း မူးယစ်ဆေးဖြတ်ပြီးသူ လူငယ်များအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းကို ခေတ်စနစ်နှင့်အညီ စိတ်ပိုင်းဆိုင်ရာ/ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများ တိုးတက်ကောင်းမွန်ရေး လေ့ကျင့်သင်ကြားပေးသည့်အပြင် ဌာနဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သက်မွေးပညာ သင်တန်းများဖြစ်သည့် ဝါရိန်ဆက်သင်တန်း၊ အိမ်တွင်းအခြေခံ လျှပ်စစ်ပြုပြင်မှုသင်တန်း၊ သီးနှံစိုက်ပျိုးရေး သင်တန်း၊ ဆိုင်ကယ်ပြင်သင်တန်းနှင့် ဆပ်ပြာဆီပြုလုပ်နည်း သင်တန်းများ ဖွင့်လှစ်ပို့ချပေးခဲ့ကြောင်း သိရှိရသည်။

မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)